Thintlu Dot Com

အချိန် အကြာကြီး ပစ်ထား ရတဲ့ အတွက် ‘အားနာပါတယ်၊ တောင်းပန်ပါတယ်’ ဆိုတာက စရ မှာပဲလေ။ post တွေ အသစ် မတင်ဖြစ်တာ ကိုတော့ ဆင်ခြေတွေ ပေးပြီး မရှင်းပြချင် တော့ပါဘူး။ မအားတာတော့ အမှန်ပါ။ နောက် ဆိုရင်လည်း ဒီ hiriautatpa.com မှာ တော်ရုံနဲ့ update လုပ်ဖြစ်တော့မယ် မထင်။ ရှိပြီးသား စာ အဟောင်းတွေကိုတော့ ဒီအတိုင်း ထားပါမယ်။ တချို့ကိုတော့သင့်လူ blog (www.thintlu.com) မှာ ပြန်တင်ပါမယ်။ ကျန်တဲ့ စာရေးသူတွေလဲ ကိုယ်ပိုင် blog ကိုယ်စီနဲ့ ဖြစ်ကုန် ပါပြီ။ နီမို၊ သူသူငါငါ တို့ရဲ့ စာတွေကို De Novo မှာ ဆက်လက် တင်ဆက် ပါလိမ့်မယ်။

Blog အသစ် သင့်လူ ကို လာရောက် လည်ပတ်ကြပါလို့ ဖိတ်ခေါ် လိုပါတယ်။ ဒီမှာ တို့လို့တန်းလန်း ထားခဲ့တဲ့ Outbreak ကြီးကို သင့်လူ မှာ ပြန်တင်နိုင်ဖို့ ကြိုးစား နေပါတယ်။ ဘယ်လို ကြိုးစားသလဲ ဆိုရင် ဇော်ဂျီ ၂၀၀၉ နဲ့ ရိုက်ထား မိတဲ့ စာတွေကို ဇော်ဂျီ ၂၀၀၈ နဲ့ ပြန်ရိုက် ဖို့ပါ။ MS Word ပေါ်မှာ စာမျက်နှာ ၂၁၉ မျက်နှာ ရှိတဲ့ အဲဒီ ဝတ္ထု အစအဆုံးကို သင့်လူက လက်တန်း ဘာသာပြန်၊ စာရိုက်၊ ပေးပို့ ခဲ့ပေမယ့် ဇော်ဂျီ ၂၀၀၉ နဲ့ ဖြစ်နေတာမို့ ဒီတစ်ခါ blog အသစ်ကျရင် ယူနီကုဒ် ပြောင်းရ လွယ်တဲ့ ၂၀၀၈ နဲ့ပဲ တင်တော့မယ်လို့ ဆုံးဖြတ် ထားတာမို့ ပြန်ရိုက်ပြီးမှ တင်မယ် ဆိုပြီး သိမ်းထား ခဲ့တာ ကြာပါတယ်။ ဒီကြားထဲ သင့်လူ ဘာသာပြန်တဲ့ ဝတ္ထုတို တွေကိုလဲ ဒီမှာ မတင်ဖြစ်ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ thintlu.com ကို ပြင်ဆင် နေရ လို့ပါ။ ပြင်ဆင်တယ် ဆိုလို့ အထွေအထူးတော့ မမှတ် ပါနဲ့။ Blogger နဲ့ ဘယ်လို blog လုပ်သလဲ ဆိုတာ ပြန်ပြီး လေ့လာ နေရတာပါ။ အရင်တုန်းက စမ်းသပ်ဖူး ပေမယ့် wordpress ပေါ်မှာပဲ အချိန် အများဆုံး ကုန်ခဲ့တာမို့ အခုတော့ blogger ဟာ အသစ်လို ဖြစ်နေပါတယ်။ blogger ကို ပြန်သုံးချင်ရတာ ကတော့ google ကို သဘောကျ လို့ပဲ။ email, social networking, blogging, feed reading, photo sharing အစရှိတဲ့ service တွေကို တချိန်တည်း တနေရာတည်းမှာ account တစ်ခုထဲက သုံးရတာ သဘောကျ လို့ပါ။

အတ္တလန်တစ် ရှာပုံတော် ပြီးဆုံးတော့ သင့်လူဟာ ဘာသာပြန် စာပေကို ပိုပြီး အချိန် ပေးလာခဲ့ ပါတယ်။ Juan ဆိုတဲ့ ကလောင်နာမည် နဲ့ သမိုင်းထဲက မြန်မာပြည်သား ၊ ထို့ကြောင့် ဤအရာကို သံသရာဟု ခေါ်သည် စတဲ့ ဆောင်းပါးများ ရေးခဲ့ စဉ်က သင့်လူဟာ သူ့ရဲ့ ဒွါရာဝတီမှာ ရက်ငါးရာ ကို စာအုပ် ထုတ်ဝေဖို့ စိတ်ကူးယဉ်ခဲ့ ပါတယ်။  ဒါကြောင့်လဲ လှုပ်လှုပ်ခတ်ခတ် ရှိလှတဲ့ ဒီ သမိုင်း ဆောင်းပါး၊ ကျန်းမာရေး ဆောင်းပါး တွေကို နာမည် တမျိုးနဲ့ ရေးသားခဲ့တာပါ။ သမိုင်းထဲက မြန်မာပြည်သား series ဟာ online ပေါ်မှာ တော်တာ်များများ ပျံ့နှံ့ ခဲ့ပါတယ်။ အဲဒီ နောက်မှာတော့ သင့်လူဟာ ဂေဘရီရယ် ဂါစီယာ မာကေး နဲ့ တွေ့ရှိပြီး ပဉ္စလက် သရုပ်မှန် စာပေ နောက်ကို ပါသွား ပါတော့တယ်။ အဲဒါကြောင့် သင့်လူဟာ မာကေးရဲ့ ဂန္ဓဝင် ဝတ္ထုရှည်ကြီး One Hundred Years of Solitude ကို ဝေးလွင့်ကင်းကွာ နှစ်တစ်ရာ အဖြစ် ဆုံးခန်းတိုင်အောင် ဘာသာပြန်ခဲ့ပြီးတဲ့နောက် စာအုပ် ထုတ်ဝေဖို့ စီစဉ် နေပါပြီ။

၂၀၀၈ မှာ ဟန်ချက် က စခဲ့တဲ့ ဒီ blog ဟာ ဒိုမိန်းနိမ်း အမျိုးမျိုး ပြောင်းလဲ ပြီးခဲ့ ပေမယ့် စကတည်းက တင်ခဲ့တဲ့ စာတွေ တော်တော်များများကို တတ်နိုင်သလောက် ထိန်းသိမ်း ထားခဲ့ ပါတယ်။ blog platform ကို blogger ဘက် ပြန်ပြောင်း လိုသော် ငြားလည်း post ၂၀၀ ကျော်ကို စိစစ် ရမယ့် အလုပ်ဟာ နည်းပညာ ကျွမ်းကျင်မှု အားနည်းတဲ့ ကျွန်တော်တို့ အဖို့ အခက်အခဲ တစ်ခု ဖြစ်လို့ လောလောဆယ် hiriautatpa ကို ဒီ အတိုင်း ထားပြီး thintlu.com မှာသာ update လုပ်သွားဖို့ စီစဉ် ထားပါတယ်။

အစဉ်အဆက် အားပေး ခဲ့တဲ့ မိတ်ဆွေ အပေါင်းကို ကျေးဇူးလည်း အထူး တင်သလို တုံ့ပြန်မှု အားနည်းခဲ့တဲ့ ကျွန်တော်တို့ကို ခွင့်လွှတ်ကြဖို့လည်း တောင်ပန် လိုပါတယ်။ ကတိကဝတ်တွေ ပေးပြီး မပြောလိုတော့ ပေမယ့် စာဖတ်သူများ စိတ်ကျေနပ်ဖို့ နဲ့ စာရေးသူများ ပီတိ ဖြစ်ဖို့၊ ဒီ နှစ်ခု ညီညွတ်ရအောင် ပြန်လည် ကြိုးစား နေပါကြောင်း ပြောပါရစေ။

ကျေးဇူးတင်လျက်

Hiriautatpa

မိစ္ဆာ (၂)

၁၉၇၆ ခုနှစ်၊ စက်တင်ဘာ (၁၆) ရက်။

ဘန်ဘာ ခရိုင် ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ လူဂါဆာ သည် ပြူတင်းပေါက် ကိုဖွင့်လိုက်၏။ နံနက်ခင်း နေရောင်အောက်ဝယ် တဖျတ် ဖျတ် တလက်လက် အရောင်တောက်နေသော ဇိုင်ယာမြစ် ကို လှမ်းမြင် နေရ သည်။ သူ့ စိတ်ထဲမှာတော့ ထိုမြစ်ကို ဇိုင်ယာမြစ်လို့ မခေါှချင်။ဒဏူဍာရီလာ စိတ်လှုပ်ရှားဖွယ် အမည် ဖြစ်သည့် ကွန်ဂို မြစ်ဟုသာ အမြဲတမ်း ခေါ်ချင်သည်။ မြစ်အကြောင်းတွေးနေသည့် ဒေါက်တာ လူဂါဆာ ၏ စိတ်သည် အလုပ် ဆီသို့ ပြန်ရောက်လာ၏။ သူသည် စာကို နောက်တစ်ခေါက်ပြန်ဖတ်လိုက်သည်။ ယမ်ဘူကူ သာသနာပြု ဆေးရုံ မှ စာ။ စာမှ တကယ့် ပြသူသနာ စာ။ ဂျွန်နော်ဒိုက် အမည်ရှိသော အမေရိကန် ကျောင်းသား တစ်ဦး နှင့် အီဘိုလာ မြစ် နံဘေးက လယ်သမား တစ်ဦး ထူးဆန်းးစွာ သေဆုံးသည့် အကြောင်း။ သာသနာပြု ဆရာဝန်၏ အဆိုအရ ထိုဒေသတွင် ဘာမှန်းမသိသေးသည့် ကူးစက် ရောဂါ ဆိုး တစ်ခု အစပြု နေပြီ ဖြစ်၏။ ဂျွန်နောှဒိုက်နှင့် တစ်ခန်းထဲ ဆေးရုံတွင် နေခဲ့ရသည့် လူနာ နှစ်ဦး၊ လယ်သမား ကို ပြုစုသည့် လူနာစောင့် လေးဦး နှင့် ပြင်ပ လူနာ ဌာန သို့လာပြသော လူနာ ဆယ်ဦးမှာ အလားတူ ရောဂါ လကူခဏာများ တွေ့နေရပြီ ဟု ဆို၏။

ဒေါက်တာ လူဂါဆာ အဖို့ ရွေးစရာ လမ်း နှစ်သွယ် ရှိ၏။ ပထမ တစ်လမ်းက ဉာဏ်ကြီးကြီး ဖြင့် ရွေးချယ် သောလမ်း ဟုဆိုနိုင်လောက်သည့် ဘာမှ မလုပ်ပဲ မသိလိုက် မသိဘာသာ နေဖို့။ သူ့ဘာသာ ခြုံပုတ်ထဲ နေနေ ကြသော ဒေသတွင်းမှ ရောဂါပိုးများကို ဘုရားမကြိုက် နတ်မကြိုက် သွားမဆွလေနှင့်။ အချိန်တန် တော့ သူ့ဖာသာ ပျောက်သွားလိမ့်မည်။ ဒုတိယလမ်းက သူ့အထက် ကျန်းမာရေး အာဏာပိုင် အဆင့်ဆင့်ကို မိုးထိအောင် ဗျူရိုကရေစီ လှေကားထောင်၍ မြို့တောှ ကင်ရှာဆာ အထိ ဒီအကြောင်း သတင်းပို့၊ အပေါှဆုံး ရောက်သွားလျှင် အစည်းအဝေး ထိုင်တော့ မယောင်ယောင်၊ ချက်ချင်းပဲ နှိမ်နင်းတော့ မယောင် ယောင် လုပ်ပြီး နောက်ဆုံးတော့ ဘာမှ မလုပ်ပဲ နေကြလိမ့်ဦးမည်။

ဒုတိယ လမ်းကို ရွေးလိုက်ခြင်း အားဖြင့် အခုချက်ချင်း သူ့အတွက် ရလာမည့် ဆိုးကျိုးကတော့ အခုလို အင်မတန် ပူအိုက် စိုစွတ် သော အချိန်တွင် ယမ်ဘူကူသို့ ခရီးကြမ်းနှင်ရခြင်း ဖြစ်မည်မှာ မြေကြီး လက်ခတ် မလွဲ။

ဒေါက်တာ လူဂါဆာသည် သက်ပြင်းရှိုက်ရင်း အမှိုက်ပုံးထဲသို့ စာကို ပစ်ထည့်လိုက်သည်။

—————————

၁၉၇၆ ခုနှစ် စက်တင်ဘာ (၂၃) ရက်

တစ်ပါတ်အကြာတွင် ဒေါက်တာ လူဂါဆာသည် ဘန်ဘာလေဆိပ်တွင် မတ်တပ်ရပ်ရင်း အိုမင်းလှပြီ ဖြစ်သော ဒီစီ-၃ လေယာဉ်ပျံ ဆင်းသက်လာသည်ကို တုန်လှုပ်စွာ ကြည့်နေရ၏။ လေယာဉ်ပေါှမှ ပထမဆုံး ဆင်းလာသူမှာ ကင်ရှာဆာမှ သူ့အထက် အရာရှိ ဒေါက်တာ ဘူးချတ်ဒ် ဖြစ်၏။ မနေ့ကပဲ သူ ဒေါက်တာ ဘူးချတ်ဒ်ကို ယမ်ဘူကူ သာသနာပြု ဆေးရုံမှ ကူးစက် ရောဂါ ဆိုး အကြောင်း တယ်လီဖုန်း ဆက်လိုက် သည်။ အခုတော့ ထိုရောဂါမှာ ဆေးရုံ ဝန်ထမ်းများကိုပါ ကူးစက် လာပြီ ဖြစ်၏။ လွန်ခဲ့သော တစ်ပါတ် က  ထိုအကြောင်း သတင်းပို့ထားသည့် စာ ကို သူရခဲ့သည် ဆိုခြင်းကိုတော့ ထည့်မပြော။

ဆရာဝန် နှစ်ဦး ဖက်လဲ တကင်း နှုတ်ဆက်ကြပြီးနောက် ဒေါက်တာ လူဂါဆာ၏ တိုရိုတာ ကိုရိုလာ ကားပေါှ သို့ တက်လိုက်ကြသည်။

ခရီးရောက်မဆိုက် ဒေါက်တာ ဘူးချတ်ဒ်က ယမ်ဘူကူ သတင်းမေး၏။ ဒေါက်တာ လူဂါဆာ စိတ်မသက်မသာ ဖြစ်သွားသည်။ ဒီနေ့မနက်ရောက်သည့် သတင်းအရ ရွာသူ ရွာသား တစ်ရာ့ လေးဆယ် နှင့် ဆေးရုံ ဝန်ထမ်း (၁၁) ယောက် သေပြီးခဲ့ပြီ။ ဆေးရုံလည်း ပိတ်လိုက် ပြီ ဟု ဆို၏။

ဒေါက်တာ ဘူးချတ်ဒ်က ဘန်ဘာ ခရိုင် တစ်ခုလုံးကို ကွာရန်တင်း လုပ်ရန် ဆုံးဖြတ်ချက်ချ လိုက်သည်။ ကွာရန်တင်း ဆိုသည်က ထိုဒေသ တစ်ခုလုံးရှိ လူများကို ရောဂါ ဖြစ်နိုင်ချေ ရှိသူများဟု သတ်မှတ်၍ အခြား ဒေသများသို့ ပြောင်းရွေ့ခွင့် ပိတ်ပင် တားဆီးလိုက်ခြင်း ဖြစ်၏။ အနုနည်းနှင့် တား၍ မရလျှင်၊ ပစ်ခတ် သတ်ဖြတ်၍ အကြမ်းနည်းဖြင့် တားရလိမ့်မည်။

ဘူးချတ်ဒ် သည် ကင်ရှာဆာသို့ ဖုန်းအကြိမ်ကြိမ်ခေါှပြီးနောက် မနက်ဖြန် ယမ်ဘူကူ သွားဖို့ အသင့်ပြင် ထား ရန် ဒေါက်တာ လူဂါဆာကို ညွှန်ကြား၏။ အခြေအနေကို မျက်မြင် ကိုယ်တွေ့ တွေ့ရမှ ဖြစ်မည်။

———————-

၁၉၇၆ ခုနှစ်၊ စက်တင်ဘာ (၂၄) ရက်

ခြောက်ချားဖွယ် တိတ်ဆိတ်လျှက် ရှိသည့် ယမ်ဘူကူ သာသနာပြု ဆေးရုံသည် ဆရာဝန် နှစ်ဦးကို အေးစက် တုန်လှုပ်ဖွယ် ကြိုဆိုလျှက် ရှိသည်။ အပုပ်နံ့လှိုင်နေသည့် ဆေးရုံ။ အဝင်ဝတွင် ဟိုသည် လျှောက် ပြေး နေ သော ကြွက်တစ်ကောင်သာ ရှိ၏။ လန်ရိုဗာ ကားပေါှမှ လက်ကိုင်ပုဝါ ကိုယ်စီ နှာခေါင်းစီးပြီး ဆင်းခဲ့ ကြသော ဆရာဝန်ကြီး နှစ်ဦးသည် အနီးဆုံး အဆောက်အဦးထဲသို့ မရဲတရဲ ချောင်းကြည့် လိုက်ကြသည်။ အထဲ တွင် ပုပ်သိုးစ ပြုနေသော အလောင်း နှစ်လောင်း။ တတိယမြောက် အဆောက်အဦးထဲတွင်တော့ မျှောှလင့် မထားသော မြင်ကွင်း တစ်ခုကို သွားတွေ့ကြ၏။ သေအံ့မူးမူး အဖျားတက်နေသော သူနာပြု ဆရာမ တစ်ဦး။ ဆရာဝန် နှစ်ဦးသည် ခွဲစိတ်ခန်းသို့ အမြန်ပြေးသွားပြီး ဝတ်ရုံ၊ နှာခေါင်းစည်း နှင့် လက်အိတ်များကို အမြန် ဝတ်ကြပြီး ထို သူနာပြု ဆရာမ ကို အမြန် သယ်ထုတ်သည်။ နောက်ထပ် အသက်ရှင်သူ ရှိလို ရှိငြား လိုက်ရှာသည်။ သုံးဆယ် ခန့်သော အလောင်းများကြားတွင် သေလုသေခင် လူနာ လေးယောက်ကို ထပ်တွေ့လိုက်ကြရ၏။

ဒေါက်တာ ဘူးချတ်ဒ်သည် ကင်ရှာဆာသို့ ရေဒီယိုဆက်သွယ်ရေးဖြင့် အားချင်း ဆက်သွယ်ပြီး လူနာများအား မြို့တောှ ဆေးရုံသို့ ပို့ရန် ဇိုင်ယာ လေတပ် ၏ လေကြောင်း အကူအညီကို တောင်းခံလေတော့သည်။ လေကြောင်းခရီးဖြင့် သယ်ဆောင်ရာတွင် စိတ်ချရသည့် ကာကွယ်ရေး အစီအမံများ အတွက် တကူကသိုလ် ဆေးရုံ ကူးစက်ရောဂါ အထူးကု ဋူဌာနမှ ညွှန်ကြားချက်များ နာခံ အပြီးတွင် လူနာငါးယောက် အနက် ဘယ်လ် ဂျီယမ် သူနာပြု တစ်ဦးသာ အသက်ရှင် ကျန်ရစ် တော့သည်။ အကာအကွယ် စီမံချက်များ မလုပ်၍ မဖြစ်၊ ဒေါက်တာ ဘူးချတ်ဒ်၏ အဆို အရ အလွန် ကူးစက် လွယ်ပြီး အင်မတန် အသေမြန်သော ရောဂနူတရ ကပ် ကြီး နှင့် သူတို့ နဖူးတွေ့ ဒူးတွေ့ တွေ့နေကြပြီ ဖြစ်သည်။

————————–

၁၉၇၆ ခုနှစ် စက်တင်ဘာ (၃ဝ) ရက်

ကင်ရှာဆာသို့ လေကြောင်းခရီးဖြင့် ပို့ဆောင်ခဲ့သော ဘယ်လ်ဂျီယမ် သူနာပြုသည် နံနက် (၃) နာရီတွင် အနိစူစ ရောက်သွားခဲ့ပြီ။ ခြောက်ရက်မျှ အပြင်းအထန် အားသွန် ခွန်စိုက် ကုသ သောှငြားလည်း ဘာရောဂါ ဟု နာမည် မတပ်နိုင်ခဲ့။ သူ့ အလောင်းကို ခွဲစိတ်ပြီးနောက် သွေး၊ အသည်း၊ ဘေလုံး နှင့် ဦးဏှောက် အသားစ နမူနာ များကို ဘယ်လ်ဂျီယမ် နိုင်ငံ အန်ဝပ်ရှိ အပူပိုင်း ဆေးပညာ တကူကသိုလ်သို့ လည်းကောင်း၊ အမေရိကန် နိုင်ငံ၊ အတူတလန်တာ ရှိ ဗဟို ရောဂါ ထိန်းချုပ်ရေး ဋူဌာန (ဗ ရ ဋူဌ) သို့ လည်းကောင်း၊ အဂူငလန် နိုင်ငံ ပေါ်တွန် ဒေါင်း ရှိ မိုက်ခရုပ် ပိုးမွှား သုတေသန ဌာနသို့ လည်းကောင်း အသီးသီး ပို့လိုက်၏။ ယမ်ဘူကူ တစ်ဝိုက်တွင် ရောဂါ ဖြစ်ပွားသူ နှစ်ရာ ကိုးဆယ့် လေးယောက် အထိ ရှိလာပြီး ရောဂါဖြင့် သေဆုံးနှုန်း က (၉ဝ) ရာခိုင်နှုန်း အနည်းဆုံး။

——————-

၁၉၇၆ ခုနှစ် အောက်တိုဘာ (၁၃) ရက်

အပြည်ပြည် ဆိုင်ရာ ဓါတ်ခွဲခန်း သုံးခု က တစ်ပြိုင်နက်ထဲ နီးပါး ယမ်ဘူကူ ရောဂါ ဆိုး၏ တရားခံ လက်သည် မှာ ဗိုင်းရပ်စ် ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ကြသည်။ ယူဂနူဓာမျောက်များကို ကိုင်တွယ်ရာမှ တဆင့် ဓါတ်ခွဲခန်း လုပ်သားများတွင် ဖြစ်ပွားခဲ့ပြီး ၁၉၆၇ ခုနှစ်က ဖောှထုတ်နိုင်ခဲ့သည့် မာဘတ်ခ် ဗိုင်းရပ်စ် နှင့် ပုံသဏူဍာန်ချင်း ခပ်ဆင်ဆင်။ သို့သောှ မာဘတ်ခ်ထက် အများကြီး ပို၍ ဆိုးရွား သောင်းကျန်းပုံ ရ၏။ သူ့ ကို နာမည် ပေးရတော့မည်။ ဘန်ဘာ ခရိုင် အီဘိုလာမြစ်၏ မြောက်ဖက်မှာ စတင် တွေ့ရှိခဲ့သည်ကို အစွဲပြု ၍ သူ့နာမည် အီဘိုလာ ဗိုင်းရပ်စ် ဖြစ်လာခဲ့သည်။ အကြိတ်ပုလိပ် ကပ်ဆိုး ပြီးနောက် အဆိုးဆုံး ဟု ယူ ဆ ရ သော လူသတ်သမား လက်သစ် တစ်ကောင် ပေါ်ထွက် လာချေပြီ။

———————–

မိစ္ဆာ (၁)

အမှာ

(၁)

ဤဝတ္ထုသည် နာမည်ကျော် အမေရိကန် စာရေး ဆရာ (သူတို့ ဆီမှာတော့ story teller ဟုသုံးသည်၊ ပုံပြောဆရာ၊ ဇာတ် ကြောင်းပြော ဆရာ၊ ကွက်စိတ် ဆရာ ဟုများ ဘာသာပြန်ရမည်လားမပြောတတ်) ရောှဘင်ကွတ်ခ်၏ Outbreak ကို ဘာသာပြန် ထားခြင်း ဖြစ်သည်။

(၂)

စာရေး ဆရာ၏ အမည်ရင်းမှာ ရောှဘင် ဝီလီယမ် အာသာ ကွတ်ခ် ဖြစ်သည်။ ၁၉၄ဝ ခုနှစ် တွင် မွေးဖွားသည်။ ဆေးပညာ ကို သင်ကြားကာ အမ်ဒီ (MD) ဘွဲ့ရသည်။ ဘော့စတွန် တွင် ဆေးဝါးကုသ အသက်မွေးဝမ်းကျောင်း လျှက် ရှိစဉ် စာပေရေးသားခြင်း အလုပ်ကို တွဲဖက် လုပ်ဆောင်ခဲ့သည်။ နတ်နွယ် ဘာသာပြန်သော တဖန် ပြန်၍ မနိုးသော ဝေဒနာ အမည်ရသည့် ကိုမာ (Coma) အပါအဝင် အောင်မြင်ကျောှကြား သော ဆေးပညာ နောက်ခံ ဝတူတုပေါင်းများစွာ ရေးသားခဲ့သည်။ သူ့ဝတူတု များစွာသည် ဟောလီးဝုဒ် ၏ လူကြိုက်များသော ရုပ်ရှင်ကားများ ဖြစ်လာခဲ့သည်။ ယခု ဖလောှရီဒါ တွင် နေထိုင်ကာ စာပေ ဆက်လက် ရေးသား နေဆဲ၊ ဆေးကုသခြင်း အလုပ်ကို လုပ်နေဆဲ ဆရာဝန် စာရေး ဆရာကြီး တစ်ဦး ဖြစ်သည်။

(၃)

ရော်ဘင်ကွတ်ခ်က ဆေးပညာ နောက်ခံ သူ့ ဝတူတုများကို Faction ဟု စကားလုံးသစ် ထွင်၍ အမည် ပေး ၏။ အချက်အလက် (Facts) နှင့် စိတ်ကူးယဉ် (Fiction) တို့ ကို ရောသမမွှေ ထားခြင်း ဟု ဆိုသည်။ ရော်ဘင်ကွတ်ခ်သည် ဆရာဝန် တစ်ဦး ဖြစ်သည့် အားလျှောှစွာ ဆေးပညာဆိုင်ရာ အချက်အလက်များကို  ဗဟိုပြု၍ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး အခြေအနေများနှင့် စိတ်ကူးယဉ် ပေါင်းစပ် ရောသမမွှေ ရာတွင် အလွန် ထူးချွန်သူ ဖြစ်၏။

(၄)

ဤဝတ္ထု မိစူဆာ သည် ရော်ဘင်ကွတ်ခ်၏ အခြား အခြား သော ဝတူတုများ နှင့် ကွဲပြားခြားနား၏။ အမှန်တကယ် ရှိခဲ့သည် ကပ်ရောဂါ တစ်ခု ဖြစ်သော အီဘိုလာကပ်ရောဂါ ကို အရင်းတည်ကာ အမေရိကန် ဆေးလောက တစ်ခုလုံးကို မွှေနှောက် ခြောက်ချားအောင် ဇာတ်အိမ်တည်ထားပြီး ကပ်ရောဂါ ဗေဒ (Epidemiology) ပညာရပ်၊ ပြည်သူ့ ကျန်းမာရေး ပညာရပ် (Public Health)၊ အမေရိကန် ပုဂ္ဂလိက ဆေးရုံ ဆေးခန်း များ နှင့် ကြိုတင်ငွေပေး ကျန်းမာရေး အာမခံ စနစ် (Pre-paid health insurance plan) တို့ကို အချိုးကျကျ မွှေနှောက် ကာ ရေးသားထား၏။ ဆေးပညာရပ်ကို ဈေးကွက်အတွင်း သွတ်သွင်းခြင်း (Commercialization of medicine) ၏ နောက်ဆက်တွဲ ဖြစ်ရပ်များ အကြောင်း ကို ဇောင်းပေး ရေးသား ထားသည် ဆိုလျှင် မှားအံ့ မထင်။

(၅)

တစ်ကမူဘာလုံး ဈေးကွက်စီးပွားရေးကို ကျင့်သုံးလာသည့် ခုချိန် ကာလ သမယ ဝယ် ဈေးကွက်အလိုကျ ဆေးကွက် စီးပွားရေးသည်လည်း ကမူဘာ့ နိုင်ငံ အသီးသီး တွင် ဖြစ်ထွန်း လာကြ၏။ မြင်ရုံနှင့် ရင်တုန် လောက်သည့်၊ ပုဂူဂလိက ဆေးရုံကြီးများ ဆေးခန်းကြီးများ အပြိုင်း အရိုင်း ပေါှထွန်းလာကြ၏။ ထိုအခါဝယ်——————————-။

(၆)

နာမည်ကျောှ မင်းသား (The prince) ကျမ်းပြုစုသူ မကူကရာ ဗယ်လီ၏ ပြောစမှတ်ပြုလောက်သည့် စကား တစ်ခွန်း ရှိသည်။ The end justifies the means- လူသားသည် ဆိုးရွား၏။ ထို ဆိုးရွားသော လူသားတို့ စံပါယ်ရာ ဆိုးညစ် ပုတ်ပွ လူ့လောက ကို စိုးမိုး အုပ်ချုပ်ရန် အာဏာကို ရယူ ထိန်းသိမ်း ရာတွင် မည်သည့်နည်းနှင့် ရရ၊ ရခြင်း သည်သာ ပဓာန။ ကြောင်ဖြူတာ မည်းတာ သာမည၊ ကြွက်သေဖို့သာ အဓိက ဟု ဆို၏။

ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း တွင် ငွေကြေး အကျိုး အမြတ် ရလိုစိတ်အားကြီးပြီး ကြောင်ဖြူ တာ မည်းတာ သာမည၊ ကြွက်သေဖို့သာ အဓိက ဆိုသော အထက်ပါ သဘော တရား အတိုင်း ကျင့်သုံး လာ ကြ သော အခါ- မိစူဆာ ကဲ့သို့ သော ဖြစ်ရပ်များ ပေါှပေါက် လာလေ တော့သည်။

သင့်လူ

မိစူဆာ

OUTBREAK BY ROBIN COOK

အစ

၁၉၇၆ ခုနှစ်၊ စက်တင်ဘာ (၇) ရက်

အာဖရိက၊ ဇိုင်ယာ နိုင်ငံ

အသက် (၂၁) နှစ်သား ယေး တကူကသိုလ် ဇီဝ ဗေဒ ကျောင်းသား ဂျွန်နော်ဒိုက်သည် ဇိုင်ယာ နိုင်ငံ၊ ဘန်ဘာ ဒေသ မြောက်ဖက် အစွန်အဖျားရှိ ရွာကလေး တစ်ရွာတွင် အိပ်ပျောှနေရာမှ ရုတ်တရက် လန့်နိုးလာသည်။ အချိန်က ဝေလီ ဝေလင်း။ ချွေးများဖြင့် နစ်နေသော အိပ်ယာပေါှတွင် လူးလိမ့်နေရင်း ဂျွန်သည် သူ၏ နိုင်လွန် ရွက်ဖျင်တဲ ခေါင်မိုးကို ငေးကြည့်နေ၏။ အပူပိုင်း မိုးသစ်တော၏ အသံ ဗလံများ၊ နိုးထစ ပြုလာသော ကျေးရွာမှ အသံများကို နားထဲတွင် ကြားနေ၏။ လေညှင်း တစ်ချက် နော့လေ သော အခါ သူ့ နှာခေါင်းထဲတွင် နွားချေးနံ့များနှင့် မီးခိုးနံ့ များ ရလာ၏။

ဂျွန်သည် ကြိုးစားပြီး ထထိုင်လိုက်၏။ လူက ကိုင်ရိုက်ထားသလို နုံးချည့်ပြီး တစ်ကိုယ်လုံး အားအင် ကုန်ခမ်း နေသလို ခံစားနေရသည်။ အခြေအနေက ညတုန်းကထက် ပိုဆိုး၏။ ညစာစားပြီး တစ်နာရီ ခန့် အကြာတွင် သူ ကောက်ခါ ငင်ခါ ဆိုသလို ချမ်းတုန်ဖျား လာ၏။ ဒီလောက် ကလိုရိုကွင်းတွေ ဂရုတစိုက် သောက်နေတဲ့ ကြားက ဌက်ဖျား ငါ့ကို တွယ်ပဟ လို့ အဲဒီတုန်းက သူ့ စိတ်ထဲ ဖြစ်မိသေးသည်။ တွယ်ချင် လည်း တွယ်ပေ မပေါ့။ အင်မတန် နက်လှ ခေါင်လှသည့် ဤတောကြီး မျက်မည်းထဲတွင် ဟို တစ်ခု ဒီ တစ်ခု ပြန့်ကြဲ နေသည့် ရေအိုင်ငယ် လေးများမှ တပ်ထောင်တာ ဗိုလ်ထုဖြင့် ချီတက်လာကြသည့် ခြင် ခေါဘဏီတပ်ကြီးကို လွတ် အောင်ရှောင်ဖို့ရန် ခက်လှသည် မဟုတ်လား။

တုံ့နှေးနှေး ခြေလှမ်းများဖြင့် သူရွာထဲသို့ လျှောက်လှမ်းသွားပြီး အနီးဆုံး ဆေးကုခန်း ကို စုံစမ်းသည်။ တိုင်းရင်းသား ဘုန်းကြီး တစ်ပါးဆီက အရှေ့ဖက် ကီလို မီတာ အနည်းငယ် အကွာရှိ ယမ်ဘူကူ မြို့တွင် ဘယ်လ်ဂျီယမ် သာသနာပြု ဆေးရုံ ရှိမှန်း သိခဲ့ရသည်။ နေမကောင်းသဖြင့် သာခွေယိုင် နေသော ဂျွန် သည် ချက်ချင်း သူ့ပစူစည်းတွေ သိမ်းဆည်းပြီး ယမ်ဘူကူ သို့ ခရီးထွက်ခဲ့သည်။

ဂျွန်တစ်ယောက် ကောလိပ်မှ ခွင့် ခြောက်လ ယူ၍ ဇိုင်ယာ လို နိုင်ငံကို ရောက်နေရခြင်း အကြောင်း အရင်း မှာ မျိုးတုန်း ပျောက်ကွယ် လုဆဲဆဲ တောင်ပေါှ မျောက်ဝံ လို အာဖရိကန် သတူတဝါ မျိုးစိတ်များ အကြောင်း ဓါတ်ပုံ မှတ်တမ်း ရိုက်ကူးရန် ဖြစ်သည်။ ဆယ့်ကိုးရာစုနှစ်က လူစွန့်စား ခရီးသွားများကဲ့သို့ အာဖရိက လို ဒေသ မျိုးကို စွန့်စားလာရောက်ရန် ကိစူစမှာ သူ၏ ကလေး ဘဝ ထဲက အိပ်မက် ဖြစ်သည်။

ယမ်ဘူကူမှာ သူနေခဲ့သော ရွာထက် မဆို စလောက်လေးသာ ကြီး၏။ သာသနာပြုဆေးရုံ ဆိုသည် မှာ လည်း တွန့်လိမ် နေသော သွပ်များ မိုးထားပြီး စုတ်ပြတ် ယိုင်ယွဲ့ နေသော အဆောက် အဦး ဟောင်း များ သာ ဖြစ်သည်။ လျှပ်စစ်မီးလည်း မရှိ။ အထင်ကြီးစရာလည်း တစ်ကွက်မှ မမြင်။

ပြင်သစ်စကား တစ်မျိုးသာ ပြောတတ်သော ဘယ်လ်ဂျီယမ် မယ်သီလရှင် တစ်ပါးက သူ့ကို အနည်းငယ် မေးမြန်းပြီးနောက် ဆရာဝန် အလာကို တသီ တတန်းကြီး စောင့်နေကြသော တိုင်းရင်းသား လူနာ များ၏ နောက်တွင် သူ တန်းစီ ရ၏။ အခြား အခြားသော ဝေဒနာရှင် လူနာများကဲ့သို့ပင် သူ့မှာ ဖြစ်နေသည့် ရောဂါ သည် သူထင်သည်ထက် အများကြီး ပိုဆိုးမှန်း ထိုအချိန်က သူ သတိမထားမိ။

——————-

နောက်ဆုံးတော့ အဂူငလိပ်စကား အနည်းငယ် ပြောတတ်သော၊ အမြဲ ပျာယာခတ်နေတတ်သော ဘယ်လ်ဂျီ ယမ် ဆရာဝန် နှင့် သူတွေ့ခွင့် ရပြီ။ ဆရာဝန်က ခပ်မြန်မြန် စမ်းသပ်ပြီး သူထင်သည့် အတိုင်း ဌက်ဖျားဟု ရောဂါ အမည် တပ်၏။ ကလိုရိုကွင်း ထိုးဆေး တစ်လုံး ခပ်သွက်သွက် ထိုးရန် ညွှန်ကြားသည်။ နောက်နေ့ မသက်သာ လျှင် ပြန်လာခဲ့ဟု ညွှန်ကြားသည်။

ဂျွန်သည် ဆေးထိုးဖို့ တန်းစီ စောင့်ဆိုင်းရပြန်၏။ အလိုလေး- ဆေးထိုးနေပုံကိုလည်း ကြည့်ပါဦး။ သူနာပြု ဆရာမ သည် ဆေးထိုးပြွန် သုံးချောင်းကို တစ်လှည့်စီ သုံး၍ ဆေးထိုးအပ်များကို ဘာပိုးမှ မသတ်ပဲ တစ်ပြွတ်ပြွတ် ထိုးနေ၏။ သူ့အလှည့်ရောက်သောှ ဆေးထိုးအပ်များ ပိုးသတ်ဆေးနှင့် နည်းနည်း စိမ်ရန် ပြောချင်သောှလည်း ပြင်သစ် စကားဖြင့် ဘယ်လို ပြောရမှန်း မသိသည့် အတွက်ကြောင့် လည်းကောင်း၊ အရေးတကြီး ဆေးထိုးဖို့ လိုနေသည်ဟု ထင်၍ သောှလည်းကောင်း ဒီအတိုင်းသာ အထိုးခံ လိုက်ရသည်။

———————–

သူ့ရောဂါသည် နောက် ရက်အနည်းငယ် အတွင်း သက်သာလာသည်။ သို့သောှ ယမ်ဘူကူမြို့မှ သူ မပြန် သေး။ ဘက်ဒ်ဇာ လူမျိုးစုများကို လှည့်ပါတ် ဓါတ်ပုံ ရိုက်နေသည်။ အာဖရိက မုဆိုးများ ဖြစ်သော ဘက်ဒ်ဇာ တွေကလည်း လူဖြူ တစ်ဦး သူတို့ကို ဓါတ်ပုံ လာရိုက်နေသည်ကို မြူးတူး ပျောှပါးစွာ ကိုယ်ဟန်ပြ နေကြသည်။

ယမ်ဘူကူ ရောက်ပြီး တတိယနေ့တွင် ဟင်နရီ စတန်လေ သွားခဲ့ သလို ဇိုင်ယာမြစ် တစ်လျှောက် ခရီးသွား ရန် ပြင်ဆင်ဆဲ မှာပင် ကျန်းမာရေး အခြေအနေ သည် ရုတ်တရက် ပြန်ဆိုး လာခဲ့ သည်။  ပထမဆုံး သူ စ သတိ ထားမိ သည်က ကွဲထွက်တော့ မတတ် ခေါင်းကိုက်ခြင်း ဖြစ်၏။ ထို့နောက်တွင်တော့ ခိုက်ခိုက် တုန် အောင် ချမ်းခြင်း၊ အဖျားတက်ခြင်း၊ ပျို့ခြင်း နှင့် ဝမ်းလျှောခြင်းတို့ ဖဝါး ခြေထပ် လိုက်ပါလာကြ၏။ မနက် ကျရင် ကောင်းသွားမှာပါလေ ဟုတွေးရင်း အိပ်ယာ ဝင်၏။ အိမ်မှ သန့်ရှင်း သပ်ယပ် မွှေးကြိုင်သော သူ့ အိပ်ခန်း ကလေးကို အိပ်မက် မက်သည်။ မနက် လင်းအားကြီးတွင် ပိုဆိုးလာသည်။ အန်ရလွန်းအားကြီး သဖြင့် ရေဓါတ် ခန်းခြောက် လာသည်။ ဘယ်လိုမှ မနေနိုင်တော့ သဖြင့် ပစူစည်းတွေ သိမ်းဆည်းပြီး သာသနာပြု ဆေးရုံကို သွားသည်။ ဆေးရုံ အဝင် မှာ ဝေါကနဲ အန်ချ လိုက်သည်။ ပူနွေး နီရဲ ပျစ်ချွဲသော သွေးများ။ သူ သတိမေ့ သွားသည်။

————————

နောက် တစ်နာရီ အကြာ သူ သတိပြန်ရလာတော့ ဆေးရုံ တွင်းရှိ အခန်း တစ်ခု ထဲတွင် ရောက်နေသည်။ သူ့အခန်းထဲတွင် ဆေးမတိုးသော ဌက်ဖျားရောဂါ ခံစား နေရသည့် အခြား လူနာ နှစ်ယောက် လည်း ရှိ နေ ၏။

ဂျွန့်ကို ပထမအကြိမ်က စမ်းသပ် စစ်ဆေးခဲ့သော ဆရာဝန် ကိုပျာယာ ရောက်လာသည်။ ဂျွန်၏ ဆိုးရွား သော အခြေ အနေကို တွေ့လိုက်ရသဖြင့် ပို၍ ပျာယာခတ် သွားသည်။ အသေးစိတ် စမ်းသပ်သည်။ ဂျွန်၏ ခနူဓာကိုယ်တွင် ဆန်းပြားသော လကူခဏာ အချို့ကို သူတွေ့ရှိရသည်။ ရင်ဘတ်ပေါှမှ အစက် အပြောက်များ နှင့် မျက်လုံးထဲတွင် သွေးခြည်ဥ နေခြင်းများ။ သို့သောှ ဘာပဲ ဖြစ်ဖြစ် ဆရာဝန်၏ နောက်ဆုံး ကောက်ချက် မှာ ဌက်ဖျားသာ ဖြစ်၏။ ပုံမှန် မဟုတ်သော ပုံမှား ဌက်ဖျားဟု သူကောက်ချက် ချ၏။ သို့သောှ ဆယ်ရေး တစ်ရေး ကိုးရေး တစ်ရာ တိုက်ဖွိုက် အူယောင် ငန်းဖျား ကို ကာကွယ်ဖို့ရန် ကောင်ကလေးကို ကလိုရမ် ဖန်နီကောလ် ပေးမည်ဟု ဆရာဝန်က ဆုံးဖြတ်ချက် ချလိုက်သည်။

——————-

ပေါက်ပင်ဘာကြောင့်ကိုင်းရတယ် (၇)

“ကမူဘာကျောှ ဆရာဝန်ကြီးတွေရဲ့ ဒီသုတေသန တွေ့ရှိချက်တွေ အရ အခု ကျွန်တောှတို့ ဆန်းပြား ကုမူပဏီကြီး က ထုတ်လုပ်လိုက်တဲ့ ထူးမခြားနားဆေးဟာ အခြားမျိုးတူဆေးတွေထက် အာနိသင် အပြတ် အသတ်သာပြီး ဘေးထွက် ဆိုးကျိုး လုံးဝ မရှိတာ အခု ဆရာကြီး မျက်မြင်ကိုယ်တွေ့ ပါပဲ ခင်ဗျ”

စာရွက် စာတမ်း တစ်ထပ်ကြီးကို ပြရင်း ပါးစပ်က ပေါက်ပေါက်ဖောက်သလို တရစပ် ပြောနေသော ဆေး ကုမူပဏီ မှ ဆေးကြောှငြာ အရောင်းသမားလေးကို သူငေးကြည့်နေမိ၏။ ဆေးတကူကသိုလ်မှ ကျောင်းပြီးစ ဆရာဝန် ငယ်လေး၊ နုပျိုမှု၊ တက်ကြွလန်းဆန်းမှု၊ လူငယ်တို့၏ အားမာန်၊ ဒါတွေကို သူ့မျက်နှာမှာ အတိုင်း သား မြင်နေရသည်။ ဆေးကျောင်းစာမေးပွဲတိုင်းကိုသာ ဒင်း ဒီလို ကရားရေလွှတ် တက်တက်ကြွကြွ ဖြေနိုင် လို့ကတော့ ထွက်လိုက်မဲ့ ဂုဏ်ထူးတွေ အနတူတဂူဂမ။

“အခုဆိုရင် အခြားအခြားသော ဖွတ်ကျား ကုမူပဏီ တွေက ထုတ်လုပ်တဲ့ အမျိုးသာတူပြီး အာနိသင်ခြင်း တစ်ခြားစီ ဖြစ်တဲ့ ဆေးပုတ်၊ ဆေးယုတ် တွေထက် အဖက်ဖက်က သာလွန်ကောင်းမွန်ပြီး ဆေးအာနိသင်နဲ့ နှိုင်းယှဉ်ရင် အင်မတန် ဈေးနှုန်းချိုသာတဲ့ ကျွန်တောှတို့ ဆန်းပြား ကုမူပဏီရဲ့ ဆေးကို ဆရာကြီးတို့လို နိုင်ငံကျောှ ဆရာဝန်ကြီးတွေ အရမ်းကို တန်ဖိုးထားသုံးစွဲလာကြပါပြီ ခင်ဗျား”

အလို- အဖက်ဖက်က သာလွန် ကောင်းမွန်တယ် ဆိုပဲ။ အရာ ခပ်သိမ်းထက် သာလွန်သော ချောမွေ့မှု ဆိုတဲ့ ကြောှငြာတစ်ခုကို ဘာမဆိုင်၊ ညာမဆိုင် သတိရလိုက်မိသေးသည်။ ကိုယ်ကောင်းဖို့ အခြား တစ်ခု က အမြဲ ညံ့ပေး နေရတော့မှာလား။ ကမူဘာကျောှဆရာဝန်ကြီးတွေရဲ့ သုတေသန ဆိုတာကော၊ ဘယ် ကမူဘာ ကို ဘယ်လို ကျောှတာလဲ၊ ကွဲကွဲပြားပြား မသိ။ အခြားဆေးတွေထက်သာလို့ ဆရာဝန်ကြီးတွေ အရမ်း သုံးကြ တာလား၊ ဆရာဝန်ကြီးတွေ အရမ်းသုံးကြလို့ အခြားဆေးတွေထက်သာသွားတာလား။ ဘာပဲ ဖြစ်ဖြစ် ဆရာကြီးတို့လို နိုင်ငံကျောှ ဆရာဝန်ကြီးတွေ ဆိုပဲ။ ငါ နိုင်ငံ တောင် ကျောှနေပါပေါ့လား။ ငါ့ကိုယ်ငါ တောင် သူပြောမှ နိုင်ငံကျောှ ဖြစ်နေမှန်း သိရသကိုး။

သူဘာပြန်ပြောရမည်နည်း။ တီဗွီထဲ မြင်နေကြ မောှဒယ်လ် ကောင်မလေးတွေလို ငါးပူတင်းပြုံးလေး ပြုံးပြီး ကျေးဇူးပဲ ပေါ့နောှ လို့ နှုတ်ခမ်းလေး စူကာ စူကာ ပြန်ပြောလို့တော့ မဖြစ်ရေးချ မဖြစ်။

“ဒါက ဆရာကြီး အတွက် တစ်ဗူးကို ငါးသိန်းတန် ထူးမခြားနား ဆေးနမူနာ နှစ်ဘူးပါ။ ကျွန်တောှတို့ ကုမူပဏီ ကြီးရဲ့ မေတူတာလက်ဆောင်ပါ ခင်ဗျ။ ဆရာကြီး အလိုရှိလို့ အားပေးချင်တယ်၊ လူနာတွေ သုံးဖို့ ညွှန်းပေးချင်တယ် ဆိုရင် ဒီမှာ ကျွန်တောှ့ လိပ်စာကဒ်ပါ။ ဟန်းဖုန်းလေးသာ ကျေးဇူးပြုပြီး ဆက်လိုက်ပါ ဆရာ။ ဖိုက်ပလပ်စ်ဝမ်း အထူးနှုန်းနဲ့ ဆရာကြီး အတွက် ကျွန်တောှတို့ စပါယ်ရှယ် စီစဉ်ထားပါတယ်”

စားပွဲပေါှတင်လိုက်သော ဆေးဘူးလေး နှစ်ဘူးကို သူငေးကြည့်နေမိသည်။ တန်ဖိုးအားဖြင့် ဆယ်သိန်း တန် သော ထိုဆေးနှစ်ဘူး။ အခု နမူနာတဲ့၊ အလကားပေးတာတဲ့။ သူ့လိုပဲ အခြားအခြားသော နာမည်ကြီး ဆရာ ဝန်ကြီးများလည်း ဒီဆေးတွေကို ဒီလို ရကြလိမ့်ဦးမှာပဲ။

လောကူ၌ အလကားရသည်ဆိုသော ပစူစည်းသည် မရှိ။ ကြောှငြာတဲ့ အနေနဲ့ သူတို့လို ဆရာဝန်ကြီး တွေကို ဆေးနမူနာ လျှောက်ဝေတဲ့ ကုန်ကျစရိတ် သိန်းပေါင်းများစွာကို ဒီဆေးကုမူပဏီက ဘယ်သူ့ဆီက ပြန်တောင်း မှာလဲ။ လိုအပ်လို့ ဆေးမှာချင်ရင် ဖိုက်ပလပ်စ်ဝမ်း အထူးနှုန်းဆိုတာက ပါလိုက်သေး။ သဘောကတော့ ငါးဘူးဝယ်ရင် တစ်ဘူး အလကားပေးမယ်ပေါ့။ အဲဒီ အလကားပေးတဲ့ တစ်ဘူးဖိုးကရော ဘယ်သူက စိုက်ပေးမှာလဲ။

ဒီဆေးကို တကယ်သုံးမဲ့လူဟာ ရွှေသမင် ဘယ်ကထွက်၊ မင်းကြီးတာကထွက် ဆိုသလို ရောဂါ ဝေဒနာ ခံစား နေရတဲ့ လူနာပဲ။ ကြောှငြာခတွေ၊ အထူးနှုန်းတွေရဲ့ ကုန်ကျ စရိတ် အားလုံးဟာ လူနာ့ အိတ်ထဲက ဆေးဖိုး အဖြစ်ထွက်သွားမဲ့ ငွေတွေပဲပေါ့။ ဆေးအတွက် ကုန်သမျှ စရိတ်တွေ အပြင် အမြတ်ပါ တင်လိုက်ပြီး အဲဒါကို လူနာက ပေးဆိုတော့။

သူ့ခေါင်းထဲမှာ အတွေးတွေ တရစပ်၊ နှုတ်ကတော့ ဘာမှ ပြန်မပြောမိသေး။ အရောင်းသမားလေးက သူ့ကို အကဲခတ်သလို ကြည့်နေသည်။

ဖတ်ဖူးသော သုတေသန စာတမ်း တစ်စောင်ကို ဖျတ်ကနဲ သတိရလိုက်မိသည်။ ထိုစာတမ်းက ဆေးဝါး အတွက် ကုန်ကျစရိတ်သည် သူတို့လို ဖွံ့ဖြိုးဆဲ နိုင်ငံများမှ သုံးစွဲသူ လူနာများအတွက် မနိုင်ရင်ကာ များလွန်း သည် ဟု ဖောှထုတ်ထားသည်။ ထုတ်လုပ်သော ကုမူပဏီ နာမည် ကျောှကြားလေလေ၊ ဆေးအတွက် သုတေသန စရိတ်များလေလေ၊ ဆေးတန်ဖိုးကြီးလေ ဖြစ်ရသည်က လက်ခံနိုင်သေး၏။ ထို စရိတ်များ ထဲတွင် သဘေူငာတင်စရိတ်၊ အကောက်ခွန် စရိတ်၊ သိုလှောင်စရိတ်၊ ပို့ဆောင်စရိတ်များကို ထည့်သွင်း လိုက်သော အခါ ဆေးတန်ဖိုးသည် မူလ ကုမူပဏီ ထုတ်ဈေးထက် အတောှပိုသွားပြီ ဖြစ်၏။ ထိုအထဲသို့ ကလေးကျောင်းစရိတ်၊ အိမ်စရိတ်၊ ကျောင်းဒကာ ကျောင်းအမ ဖြစ်ဖို့ ကျောင်းအလှူစရိတ်၊ ကားစရိတ်၊ မယားစရိတ် စသည့် ကိုယ့် တွက်ကိန်း နှင့်ကိုယ်၊ ကိုယ့်လောဘ နှင့်ကိုယ်၊ အသီးသီး အသက က အဆင့်ဆင့် တင်သော အမြတ်များ ထည့်သွင်း လိုက်သော အခါ ဆေးတန်ဖိုးသည် မျက်လုံး မျက်ဆန် ပြူးစရာ ကောင်းလောက်အောင် များလာသည်။ မူလ တန်ဖိုးထက် အဆပေါင်းများစွာ တက်လာသည်။

တကယ်တော့ ဆေးဝါးဆိုသည်မှာ ကုမူပဏီက စိတ်ကြိုက်နာမည်ပေး၍ မူပိုင်ယူထားသော Brand Name Drug များသာ ရှိသည် မဟုတ်။ သုံးစွဲသူတို့ အဖိုးနှုန်းချိုသာရေးကို ရှေ့ရှု၍ နိုင်ငံပိုင် ဆေးဝါး စက်ရုံများ၊ ကမူဘာ့ကျန်းမာရေး အဖွဲ့နှင့် နှီးနွယ် အဖွဲ့အစည်းများမှ ဆေးမျိုးရင်းနာမည်ဖြင့် ထုတ်လုပ်သော Generic Drug များလည်း ရှိသည်ပင်။ ပါရာစီတမောလ် ဆိုသည့် အကိုက်အခဲ ပျောက်ဆေး ဆိုပါစို့၊ ပါရာစီတမောလ် သည် မျိုးရင်း နာမည်။ နိုင်ငံပိုင် ဆေးဝါးထုတ်လုပ်ရေး စက်ရုံမှ ပါရာစီတမောလ် ဆိုသည့် နာမည်ဖြင့်သာ ထုတ်လုပ်ရောင်းချသည်။ အလွန်ဈေးသက်သာသည်။ တစ်လုံးမှ ၁ဝ ကျပ်လောက်သာ ကျမည်။ အဆိုပါ ပါရာစီ တမောလ်ကို ပင် ဦးထိပ်သီးနှင့်သားများ ဆေးကုမူပဏီမှ ပါရာသီး ဆိုသည့် နာမည်နှင့် ထုတ်သည် ဆိုပါစို့။ တစ်လုံးကို ၅ဝ ကျပ် ကျမည်။ ဦးနံပြားနှင့် မယားများ ဆေးကုမူပဏီမှ ပါရာပြား ဆိုသည့် နာမည်နှင့် ထုတ်သည် ဆိုပါစို့။ တစ်လုံးကို ၁ဝဝ ကျပ် ကျမည်။ ထိုသို့ ဈေးကွာခြားသွားခြင်းမှာ ထိပ်သီး နှင့် နံပြား တို့၏ ပါရာစီတမောလ်က အာနိသင် ပိုရှိ၍ မဟုတ်။ အခြေခံ ဖောှမြူလာ အတူတူ၊ သုံးစွဲသည့် ဓါတ်ပေါင်း အတူတူ ထုတ်လုပ်သည့် ဆေးကို သူရို့က ဘာကိစူစ ထူးပြီး ပိုပြီး အာနိသင် ပိုရှိရမတုန်း။ ပါရာစီတမောလ် ဆိုတာက အများသိသည့် မျိုးရင်းနာမည်။ ပါရာသီးတို့ ပါရာပြားတို့က ကုမူပဏီ နှစ်သက်ရာ ပေးထားသည့် ကုမူပဏီ နာမည်။ ပါရာသီးကို သောက်သော သူသည် ပါရာစီတမောလ် ၁ဝ ဖိုးသောက်၍ ပါရာသီး ဆိုသည့် နာမည်ကို ၄ဝ ဖိုးသောက်ရသကဲ့သို့ ငွေပိုကုန်ခြင်းသာ အကျိုးထူးသည်။

ဆရာဝန် တစ်ဦး အနေဖြင့် လူနာကို ဆေးဝါး၏ မျိုးရင်း နာမည်ဖြင့်သာ ဆေးညွှန်း ပေးအပ်သည်။ ဦးထိပ်သီး က လက်ဆောင်တွေ နင်းကန် ပေးထားလို့ လူနာကို ပါရာသီး ကိုသာ သောက်ပါဟု မပြောအပ်။ ဦးနံပြား က မယား ညီအကို မို့လို့ လူနာကို ပါရာပြားကလွဲရင် ဖွဲနဲ့ ဆန်ကွဲ လို့ မတိုက်တွန်းအပ်။ ဒါက ဆရာဝန် တွေ လိုက်နာ သင့်သည့် အခြေခံ ကျင့်ဝတ်။

သို့သောှလည်း၊ သို့သောှလည်း ပေါ့လေ။ ဈေးကွက်စီးပွားရေးခေတ်မှာ သူ့လို ဆရာဝန်ကြီးတွေဟာ ကိုယ့် ကိုယ်ကို ဘာလုပ်မိမှန်း သတိမထားလိုက်မိခင်မှာပဲ ကုမူပဏီ နာမည်နဲ့ ဆေးတွေကို သွက်သွက်ကြီး ဆေးညွှန်း ရေးပေးနေမိ ပါပကော။

“ဆရာကြီး ကျွန်တောှ နောက်အပါတ်ကျ ထပ်လာခဲ့ပါဦးမယ်။ နမူနာလေးတွေ သုံးကြည့်ပေးပါနောှ၊ ခွင့်ပြု ပါဦး ခင်ဗျာ”

သူ ခေါင်းညိတ်ပြလိုက်သည်။ အရောင်းသမားလေး ပြန်မှာကို ခွင့်ပြုတဲ့ သဘောနဲ့လား။ သူပေးခဲ့တဲ့ တန်ဖိုး ကြီး ဆေးနမူနာတွေကို ညနေ ဆေးခန်းထိုင်ရင် တွင်တွင်ကြီး ညွှန်းဖို့ ကတိ ကဝတ်ပြုတဲ့ အနေနဲ့လား။ နောက်အပါတ် ပြန်လာဦးမှာကို စောင့်ကြိုနေပါ့မယ် ဆိုတဲ့ သဘောနဲ့ ခေါင်းညိတ်ပြမိ တာလား။ သူ့ဟာ သူပင် သေသေချာချာ မသိ။

အရောင်းသမားလေး ပြန်သွားတော့ အတွေးမျှင် ဆက်တန်းနေမိသည်။ ဆေးဝါးတို့၏ ဈေးနှုန်းသည် လူနာ တတ်နိုင်သည့် အဖိုးအခ မျှသာ ဖြစ်သင့်သည်တဲ့။ တတ်နိုင်၊ မတတ်နိုင် ဆိုခြင်းကို အနိမ့်ဆုံး လုပ်ခ လစာ ရ နေ့စား အလုပ်သမား တစ်ဦးရဲ့ တစ်ရက်ဝင်ငွေ ကို စံပြု၍ တိုင်းတာကြသည်တဲ့။ ကိုင်း- အခု ဒီဆေးကို လူနာ့ ကို ပေးတော့မယ် ဆိုပါစို့၊ ငါးသိန်းတန် ဒီ ဆေးတစ်ဘူးမှာ ဆေးအလုံး ခြောက်ဆယ် ပါတယ်။ ရောဂါ ကုဖို့ အတွက် တစ်ရက်ကို ဆေး (၂) လုံး နဲ့ ဆယ်ရက် သောက်ရမယ်။ အလုံး ၂ဝ။ ရောဂါပျောက်ဖို့ ငွေ တစ်သိန်း ခြောက်သောင်း ကုန်သွားပြီ။ အဲဒါ ဆေးဖိုး သက်သက်။ ဝင်ငွေ အနည်းဆုံး နေ့စား အလုပ် သမား တစ်ယောက်ဟာ တစ်ရက်ကို ငွေ တစ်ထောင်ရတယ် ဆိုပါတော့။ သူ့ရောဂါ ပျောက်ဖို့ အတွက် ဒီဆေးကို စားရရင် ဆယ်ရက် ဆေးစားဖို့ အတွက် ရက်ပေါင်း (၁၆ဝ)၊ ခြောက်လ နီးပါးလောက် အလုပ်လုပ်ပြီး ဆေးဖိုး ရှာရမလို ဖြစ်နေတော့မယ်။ စားဖို့၊ သောက်ဖို့၊ သူ့ကို မှီခိုနေတဲ့ မိသားစုတွေကို ကျွေးဖို့ မွေးဖို့ မတတ်နိုင် တော့ဘူး။ ဒီဆေးနဲ့ အလားတူ Generic drug ဆိုရင် အလုံး နှစ်ဆယ်မှ ငွေ လေးထောင်ပဲ ကျမယ်။ ဒါဆို ဆေးဝယ်နိုင်ဖို့ လေးရက်ပဲ အလုပ်လုပ်ရမယ်။ ဒီတော့——-။ သူတွက်ဆ နေမိသည်။ ခေါင်းတညိတ်ညိတ်။

=============

“ဆရာကြီး၊ ကျွန်တောှ့ကို ဝင်ခွင့်ပြုပါ ခင်ဗျာ”

သူ့အခန်း ခန်းဆီး ကလေးကို လှပ်ရင်း လိုအပ်သည်ထက်ပို၍ ညွှတ်တွား ခယကာ ဝင်ရောက်လာသော ဆေးကြောှငြာ အရောင်းသမားလေးကို တွေ့လိုက်ရမှ တစ်ပါတ်တောင် ပြည့်သွားပြီကိုးဟု သတိရမိသည်။

ထိုင်ပါ ဟူသော သူ့အပြောကို အသေအချာ စောင့်စားပြီးမှ သူ့ရှေ့က ဆိုဖာ ကုလားထိုင်ပေါှတွင် ထိုင်တယ် ဆိုရုံ ကြုံ့ကြုံ့ရုံ့ရုံ့လေး ထိုင်လိုက်သည်။ အနေအထိုင် ပိပြား သေသပ် လိုက်လေခြင်း။ လွယ်လာသော ဧရာမ သားရေအိတ် အမဲကြီးထဲမှ တစ်စုံ တစ်ရာကို ရိုရိုသေသေ ထုတ်ယူနေသည်။ ပြီးတော့ သူ့စားပွဲပေါှ အသာ တင်လိုက်သည်။ အလို- ပြောင်လှ၊ ဝင်းလှ ချေလား။

“မနက်ဖြန် ဆရာကြီးတို့ ဇနီးမောင်နှံ ရဲ့ ဒန်ရတု နှစ်ပါတ်လည် မဂူငလာနေ့ မဟုတ်လား ဆရာကြီး။ မမ နဲ့ ဆရာကြီး တို့ အတွက် ကျွန်တောှတို့ ဆန်းပြား ကုမူပဏီ၊ ထူးမခြားနား ဆေးရဲ့ ကျေးဇူးတင် ဂါရဝပြု လက်ဆောင် ပစူစည်းလေးတွေပါ ခင်ဗျာ။ ဇနီးမောင်နှံ ရာသက်ပန် စုံတွဲ ဝတ်ဖို့ ဆွဇ် မိတ် နာရီ စုံတွဲ ကလေး ပါ။ ဆရာကြီးတို့ ဇနီးမောင်နှံ ကို ဝတ်စေချင်လွန်းလို့ တစ်တွဲကို (၅၆) သိန်းနဲ့ ပေးဝယ်ခဲ့တာပါ။ ကျေးဇူးပြု ပြီး လက်ခံပေးပါနောှ ဆရာကြီး”

အရောင်းသမားလေးသည် သူ့ကို စကားပြောချိန်မပေး။ နောက်ထပ် အရာ ဝတူတု တစ်ခုကို အိတ်မဲကြီး ထဲမှ မျက်လှည့်ပြသလို ဘွားကနဲ ပေါှလာစေသည်။ သားရေဖိုင်တွဲ တစ်တွဲ။

“နောက်လဆန်း စင်ကာပူ မှာ တစ်ပါတ်ကြာ ကျင်းပမဲ့ ဆရာကြီးတို့ရဲ့ ဘာသာရပ် ဆိုင်ရာ ညီလာခံ ကို ကျွန်တောှတို့ တိုင်းပြည်ရဲ့ ဂုဏ်ဆောင် အထူးကု ဆရာဝန်ကြီး အနေနဲ့ ဆရာကြီးတက်ရောက်နိုင်ဖို့ ကျွန်တောှတို့ ဆန်းပြား ကုမူပဏီက အသွားအပြန် Business class လေယာဉ်လက်မှတ်၊ ကြယ်ငါးပွင့် ဟိုတယ် တည်းခို စရိတ်နဲ့ နေ့စဉ်သုံး စရိတ် အားလုံးကို ကျခံပေးမဲ့ စာရွက်စာတမ်းတွေပါဆရာ။ မမ ကို လည်း အလည် ခေါှသွားနိုင်အောင် နှစ်ယောက်စာ လုပ်လာခဲ့ပါတယ်”

စာရွက် စာတမ်းများကို သူ့ရှေ့ အသာထိုးပေးပြီး သူ့ကို ကြည့်နေသည်။ အရောင် တလက်လက် ထွက်နေ သော အကြည့်။ ဘာကို ကိုယ်စားပြု ဖောှညွှန်းတဲ့ အကြည့်လေလဲ။ အရောင်းသမားလေး၏ ပြုံးယောင်ယောင် နှုတ်ခမ်းများ၊ လိုအပ်သည်ထက် ပို၍ ညွှတ်ကိုင်းထားသော ခါးများ။ သူပြန်ပြော လိုက်သည်။

“အေးလေ၊ ထုံးစံ အတိုင်း သွားတာပေါ့ကွာ၊ မင့် မမ ကတောင် ဟိုတစ်နေ့က စင်ကာပူ မရောက်ဖြစ်တာ ကြာပြီနောှလို့ ပြောနေသေးတယ်။ မင်းလည်း ပူမနေပါနဲ့။ ထုံးစံ အတိုင်း မင့်ဆေးကို ကိုယ်သုံးပေးမှာပေါ့”

သူ့ နှုတ်ခမ်းများလည်း ပြုံးယောင်သမ်းလျှက်။

++++++++++++

သင့်လူ

ပေါက်ပင်ဘာကြောင့်ကိုင်းရတယ် (၆)

ဆေးကြောှငြာသံ ဘယ်သူ့ထံံ

အခြား ကုန်ပစူစည်းမှာ ထုတ်လုပ် ရောင်းချသူက ဝယ်ယူ သုံးစွဲသူဆီ တိုက်ရိုက် သတင်း အချက် အလက် တွေပေးပြီး ရောင်းရအောင် ကြိုးပမ်းလေ့ရှိပေမဲ့ ဆေးဝါး ကတော့ တစ်မျိုး တစ်ဘာသာ ဖြစ်ပါတယ်။ ဒီနေရာ မှာ ဆေးဝါး ဆိုတာကို အနောက်တိုင်း သို့မဟုတ် ဆေးသိပူပံ အတတ်ပညာ အရ တီထွင်ဖောှထုတ်ထားတဲ့ ဆေးဝါးများလို့ မှတ်ယူစေချင်ပါတယ်။တိုင်းရင်းဆေးဝါးများ၊ ဆေးမြီးတိုများကို မဆိုလိုပါ။ ဆေးဝါးဟာ အမျိုး အစား နှစ်မျိုးရှိပါတယ်။

အိုတီစီ (OTC- Over the counter) ဆေးဝါးများဆိုတာက ဆေးပညာရှင် ဆရာဝန် ရဲ့ ဆေးညွှန်းမလိုပဲ သုံးစွဲသူက မိမိ သဘောနဲ့ ဆေးဆိုင်များမှာ ဝယ်ယူသုံးစွဲလို့ ရတဲ့ ဆေးဝါး အမျိုး အစားမျိုး ဖြစ်ပါတယ်။ ဒီ အိုတီစီ ဆေးဝါးတွေကို ထုတ်လုပ် ဖြန့်ဖြူးသူက သုံးစွဲသူဆီ တိုက်ရိုက် ကြောှငြာလေ့ ရှိကြတယ်။ ရုပ်မြင်သံကြားကြောှငြာတွေမှာ အမြဲတွေ့ရတဲ့ အကိုက်အခဲပျောက်ဆေး၊ တုပ်ကွေး အအေးမိ ပျောက်ဆေး၊ ဗီတာမင် ဆေးဝါး များ၊ ကိုယ်ဝန်ဆောင် အားတိုးဆေးများဟာ အိုတီစီ ဆေးအမျိုးအစားထဲ ပါပါတယ်။ အိမ်သုံးဆေးဝါးများ လို့လည်း ခေါှကြတယ် ထင်တယ်။ တစ်ခါတစ်လေ အဲဒီ ဆေးကြောှငြာတွေကို ဆရာဝန်ဘွဲ့ရထားတဲ့ အနုပညာရှင်တွေက အားတက်သရော ကြောှငြာပေးနေတာ ကို လည်း အံ့အားသင့် ဖွယ် တွေ့မြင်ရပါသေးတယ်။

ဒုတိယ အမျိုးအစားကတော့ ဆရာဝန်ရဲ့ ဆေးညွှန်းပါမှ ဝယ်ယူသုံးစွဲရတဲ့ Prescription drug လို့ ခေါှပါ တယ်။ ပဋိဇီဝဆေး (Antibiotics) အမျိုးမျိုး၊ ဗိုင်းရပ်စ်ပိုးသတ်ဆေး အထွေထွေ၊ ကင်ဆာဆေး အပြားပြား၊ သွေးကျဆေးများ၊ ဆီးချိုထိန်းဆေးများ တို့ဟာ ဒီအမျိုးအစား ဆေးဝါးတွေပဲ။  မရှိမဖြစ်လိုအပ်တဲ့ ဆေးဝါးများ (Essential Drugs) ဆိုတာ အဲဒီ ဒုတိယ အမျိုးအစား ဆေးဝါးတွေ အများဆုံး ပါဝင်ပါတယ်။ ဒီဆေးအမျိုးအစားတွေကို ကြောှငြာတဲ့ နည်းလမ်းကတော့ တစ်မျိုး တစ်ဘာသာ ဖြစ်ပါတယ်။ ဆရာဝန် ညွှန်ကြားချက်နဲ့ သုံးရမဲ့ ဆေးဝါး အမျိုးအစားလို့ ဆိုထားတဲ့ အတွက် ဒီဆေးဝါးများကို ထုတ်လုပ် ဖြန့်ဖြူး ရောင်းချသူတွေဟာ ဝယ်ယူအားပေးသူ မိတ်သဟာ အပေါင်းဖြစ်တဲ့ လူနာတွေကို တိုက်ရိုက် ကြောှငြာ ရောင်းချလို့ မရစကောင်း။ ဒီတော့ကာ အဆိုပါ ဆေးဝါးများကို ကြောှငြာ ရောင်းချဖို့ ပစ်မှတ်ဟာ ဆေးညွှန်း ရေးပေးမဲ့ ဆရာဝန်ကြီးတွေ ဖြစ်လာပါတော့တယ်။ ဆေးကြောှငြာသံ ဆရာဝန့်ထံ ပေါ့ခင်ဗျာ။

ဆရာဝန်ကြီးတွေဆီကို ဘယ်ပုံ ဘယ်နည်း ကြောှငြာမလဲ။ တီဗွီမှာ ကြောှငြာလို့ကတော့ အကျိုးထူးလိမ့် မယ် မထင်။ ဆရာဝန်ကြီးတွေဟာ အဲဒီ ကြောှငြာတွေကို အချိန်ပေးပြီး ကြည့်ဖို့ နေနေသာသာ၊ ယားရင်တောင် ယားတဲ့ နေရာ ထုံးတို့ မှတ်ထားပြီး အားမှ ကုတ်မယ်လို့ တေးမှတ်ထားရလောက်အောင် အချိန် ဆင်းရဲ ရှာတဲ့ ပုဂူဂိုလ်တွေကိုး။ အဲသလို အဲဒီလောက် အလုပ်များကြတဲ့ ဆရာဝန်ကြီးတွေထံကို ကိုယ့်ပစူစည်း၊ ကိုယ့်ဆေး အရောက် ပို့ဆောင်နိုင်ဖို့ အတွက် ဆေးဝါး ထုတ်လုပ် ဖြန့်ဖြူးရေး ကုမူပဏီများ၊ ဆေးဝါး လက်ကား လက်လီ အရောင်းဆိုင်ကြီးများဟာ ဆေးကြောှငြာအရောင်းသမားတွေကို တီထွင် ဖန်တီး ထုတ်လုပ်ခဲ့ကြတယ်။ Sales Medical Representative လို့ခေါှတဲ့ ဆေးကြောှငြာ အရောင်းသမား။ စတိုင်လ်ကျတယ်၊ သပ်ယပ် လှပ တင့်တယ်တယ်၊ လစာကောင်းတယ်၊ သူ့ရဲ့ ဦးထိပ်ထားရမဲ့ တာဝန်ကတော့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော နည်းအားဖြင့် ဖြစ်စေ၊ ဝယ်သူရအောင်လုပ်ဖို့နဲ့ မြဲအောင်လုပ်ဖို့၊ ကုမူပဏီအတွက် ဆီးသီးလုံး လောက်ရှိတဲ့ ငွေမိုးကြီးတွေ တဝေါဝေါ ရွာသွန်းစေဖို့ လုပ်ပေးရမဲ့ Rainmaker၊ သူ့ရဲ့ ဝါဒ လမ်းစဉ်က ဝယ်သူ ကို အချိန်တိုင်းရင်ဝယ်ပိုက်ထွေးထားဖို့၊ ဖောက်သည် အကြီးစားကြီးတွေ ရှိနိုင်တဲ့ ငါးကြီးတွေ ရှိနိုင်တဲ့ နေရာ မှာ ငါးမျှားတတ်ဖို့၊ ဝယ်သူ အမြဲမှန် လုပ်တတ်ဖို့၊ ဝယ်သူ့ လိုအင်ကို အစွမ်းကုန် ဖြည့်ဆည်းဖို့၊ ဝယ်လိုက်ရတဲ့ ပစူစည်းဟာ အလွန်အင်မတန် “တန်” ပါတယ် ဆိုတာကို ဝယ်သူကိုယ်တိုင် ကျေကျေနပ်နပ် လက်ခံ နိုင်ဖို့၊ ဝယ်သူ မျှောှလင့်တာထက်ပိုပြီး အပိုဆောင်းလေး ထည့်ပေးဖို့၊ ဝယ်သူ့ကို အားနာပြီး ကွေးကောက် သွားလောက်အောင် မငြင်းနိုင်တဲ့ လက်ဆောင်ပစူစည်းတွေလည်းပေး၊ ကျေးဇူးတင် စကားတွေလည်း ခဏ ခဏ ပြောဖို့၊ ဝယ်သူ အခြား ရောက်မသွားအောင် နည်းမျိုးစုံနဲ့ တားဆီးဖို့၊ နောက်တစ်ကြိမ် ထပ်ဝယ်ဖို့ တိုက်တွန်း လုပ်ဆောင်ရမှာပဲ ဖြစ်တယ်။

အဲဒီ အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ ဆေးကြောှငြာ အရောင်းသမားကို အနှီ ကုမူပဏီကြီးတွေ ဘယ်က သွားရှာကြသလဲ။ ဘယ်ကမှ သွားမရှာကြပါ။ စီးပွားရေး လောက မှာ ကျင်လည် ကျက်စားနေတာ ကြာပြီ ဖြစ်တဲ့ ဆေးကုမူပဏီကြီးတွေဟာ ငါးကြင်းဆီ နဲ့ ငါးကြင်းကြောှ ဆိုသလို ဆရာဝန်ကြီးတွေကို မြှူဆွယ် ဆေးရောင်း ဖို့ တာဝန်ကို ဆေးကျောင်းဆင်းပြီးစ ဆရာဝန် ပေါက်စကလေးတွေကို ပေးလိုက်ကြပါ တော့တယ်။

လစာကလေး စို့စို့ ပို့ပို့လည်းရ၊ လူအထင်ကြီးလောက်အောင်လည်း ဝတ်စား ဆင်ယင် သွားလာ နေထိုင်ရ၊ ဆိုတော့ အချို့ ဆရာဝန် ကလေးများဟာ ဆေးကုမူပဏီကြီးတွေရဲ့ တောှကောက်ခြင်းကို မငြင်းနိုင်ကြတော့ ပဲ အရှင်မွေးတော့ နေ့ချင်းကြီးတဲ့ ဆေးကြောှငြာ အရောင်းသမားလေးတွေ ဖြစ်လာကြပါတယ်။ အဲဒီ ဆရာဝန် ကလေးများဟာ ဆေးကျောင်းတုန်းက တစ်ခါဘူးမှ သင်ကြားခဲ့ရခြင်းမရှိတဲ့ အရောင်းပညာ၊ မားကက်တင်း ပညာများကို လက်ပူတိုက်လေ့လာပြီး သကာလ သူတို့ကို ဆရာဝန် ဖြစ်အောင် စာသင် ပေးခဲ့တဲ့ ဆရာဝန်ကြီးတွေဆီကို ဆေးရောင်းဖို့ သွားကြရပါတယ်။

ဆေးကုသဆောင် တစ်ခုရဲ့ ရာထူး အကြီးဆုံး၊ လုပ်ပိုင်ခွင့် အရှိဆုံး ဆရာဝန်ကြီးများဟာ အဲဒီ ဆေးကြောှငြာ သမားတွေရဲ့ အရောင်းပစ်မှတ် ဖြစ်တယ်။ အဲဒီလို ဆေးကြောှငြာ သမား ဆရာဝန် ကလေး တစ်ယောက် က ချဉ်းကပ် လာတဲ့အခါ ဝါရင့် သမူဘာရင့် ဆရာဝန်ကြီးက ဘယ်လို့ တုန့်ပြန် လိမ့်မလဲ။ မြင်ကွင်းလေး တစ်ခု ကို စိတ်ကူးနဲ့ စဉ်းစားကြည့်ချင်လိုက်တာ။

+++++++++++++

ပေါက်ပင်ဘာကြောင့်ကိုင်းရတယ် (၅)

စုံစီနဖာ ကျောှအောင်ညာ

များသောအားဖြင့် ဆေးဝါး ကုမူပဏီ တစ်ခုကနေ ထုတ်လုပ် ရောင်းချလိုက်တဲ့ ဆေးဝါး တွေကို သုံးစွဲကြရတဲ့ ဝေဒနာရှင် အပေါင်းဟာ မူလ ထုတ်လုပ် ရောင်းချ လိုက်တဲ့ ကုမူပဏီဈေးထက် အဆပေါင်းများစွာ ကြီးမြင့်တဲ့ ဈေးနှုန်းတွေနဲ့ ဝယ်ယူ သုံးစွဲရစမြဲပါ။ ဆေးဈေးနှုန်းတွေဟာ ဘယ်နေရာတွေ မှာ ဘာကြောင့် ဘယ်လို ထပ်ထပ်တင် လိုက်ရတယ် ဆိုတာကို ဘယ်သူကမှ၊ ဘယ်တုန်းကမှ ကြေငြာလေ့မရှိပါဘူး။ဘုရားရှင် ဗျာဒိတ်ပေးထားသလို ကိုယ်ရောင်းချင်တဲ့ ဈေးနဲ့ တင်ချင် သလို တင်ပြီး ရောင်းချင်သလို ရောင်းကြတာပါပဲ။

ဆေးဝါး တင်သွင်း ဖြန့်ဖြူး ရောင်းချတဲ့ အခါ အခြား ကုန်ပစူစည်းတွေနဲ့ အကြီးအကျယ် ခြားနားတဲ့ အချက်ကြီး တစ်ချက် ရှိနေပါတယ်။ အခြား  ကုန်ပစူစည်းတွေမှာ ဖြန့်ဖြူး ရောင်းချသူက ဝယ်ယူအားပေးသူ ဆီ တိုက်ရိုက် ကြောှငြာ ရောင်းချ လေ့ရှိပါတယ်။ မားကက်တင်း လုပ်တယ် လို့ သုံးနှုန်း တတ်ကြပါတယ်။ ကိုယ့်ပစူစည်း ရောင်းရဖို့၊ ဈေးကွက် ဝေစု များများရဖို့ သုံးစွဲသူ အမူအကျင့် (Consumer Behaviour) ဆိုတဲ့ ဝယ်သူကို ဘယ်လို မြှူမလဲ ဆိုတဲ့ အတတ်ပညာ၊ သစူစာရှိသော ဝယ်ယူအားပေးသူများ (Loyal Customer) ဖြစ်အောင် လုပ်နည်း နိသူသရည်းများ၊ ဈေးကွက်ကို ပထဝီ မြေနေရာ အနေ အထားအရ၊ ဝယ်ယူအားပေးသူတို့၏ အသက် အရွယ်၊ လိင်အမျိုးအစားအရ၊ ပညာရေး၊ စီးပွားရေး ကျောထောက်နောက်ခံ အနေအထားအရ၊ စိတ်ပိုင်းဆိုင်ရာ ခံစားမှု အာရုံအရ၊ ယဉ်ကျေးမှု ဓလေ့ ထုံးစံအရ ခွဲဝေ ပိုင်းခြားခြင်း နည်းပညာများ (Market Segmentation) ဆိုတာတွေကို အတတ်ပညာ တစ်ခု အနေနဲ့တောင် စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့ သင်တန်းတွေမှာ အားပါးတရ သင်ပေးကြပါသေးတယ်။

များသော အားဖြင့်တော့ အထိရောက်ဆုံး မားကက်တင်းဟာ ကြောှငြာပေါ့။ ဇာတ်လမ်းကောင်းနေတုန်း ကြားဖြတ်ဝင်ရင် လူတွေ တောက်တခေါက်ခေါက် ဖြစ်တတ်ကြပေမဲ့ စီးပွားရေး သမားတွေ အတွက်တော့ ကြောှငြာဟာ မရှိမဖြစ်၊ သည်းခြေကြိုက် ဖြစ်ပါတယ်။ မားကက်တင်း သမားတို့ရဲ့ ခေါင်းကိုင်အဖ ဖီးလစ် ကော့တလာ ကတော့ “ကြောှငြာကောင်းတို့ မည်သည် တီထွင် ဖန်တီးနိုင်မှု စွမ်းအား နှင့် ပြည့်စုံရုံမျှ မက သူတို့ ကိုယ်တိုင်ပင်လျှင် ပစူစည်းရောင်းနိုင်စွမ်းရှိသည်” ဆိုပြီး ကြောှငြာကို အလွန်အကြူး အမွှန်းတင်ပါတယ်။ ဘယ်လိုဟာမျိုးတဲ့တုန်း။ ကော့တလာကတော့ မာလ်ဘိုရို စီးကရက် ကြောှငြာဟာ အဲသလို ကြောှငြာ အမျိုးအစားမျိုးပါတဲ့။ ကောင်းဘွိုင်တစ်ယောက် မြင်းစီးနေတာကို ဘယ်နေရာမှာပဲ မြင်မြင် မာလ်ဘိုရိုကို သတိရလာအောင်၊ သောက်ချင်စိတ်ပေါှလာအောင်၊ ဝယ်ချင်စိတ်ပေါှလာအောင် ထိရောက် ထက်မြက်တဲ့၊ သောက်ကျိုးနည်း ကောင်းတဲ့၊ သူ့ထက်ကောင်းတာတွေတောင် သူ့လောက် မကောင်းတဲ့ မဟာ့ မဟာ ကြောှငြာကောင်းတဲ့။

ကြောှငြာဆိုတာ ကုန်ပစူစည်း တစ်မျိုးမျိုး အတွက် အချက်အလက် ဗဟုသုတကို ပေးရတာမျိုး မဟုတ်၊ သုံးစွဲ သူ အပေါင်း ဘဝင်ကျစရာ အိပ်မက်ချိုချို တစ်ခုကို ရောင်းချရတဲ့ အနုပညာတဲ့။ ရက်ဗလွန် နှုတ်ခမ်းနီ သူဋေူဌး ချားလ် ရက်ဗ်ဆွန်က လည်း “ကျွန်တောှတို့ စက်ရုံတွေက နှုတ်ခမ်းနီတွေကို ထုတ်လုပ်တယ်။ ကျွန်တောှ တို့ရဲ့ ကြောှငြာတွေကတော့ ပျိုမေ မဒီတို့ အတွက် မျှောှလင့်ချက်တွေကို ရောင်းတယ်” လို့ ကြောှငြာကို ကြောှငြာဝင်ပြန်ပါသေး။

ကြောှငြာဟာ အိပ်မက်ချိုချိုဆိုပဲ။ ဆောင်းတွင်းအိပ်မက် ဂယောက် ဂယက်ရော မဖြစ်နိုင်ဘူးလား။ နာမည်ကြီး မင်းသားကြီးနဲ့ ကြောှငြာတဲ့ လက်ပါတ်နာရီကို ဝယ်ပါတ်လို့ ရုပ်ရှင်မင်းသား အောှတိုမက်တစ် ဖြစ်သွားလိမ့်မယ်လို့ လူတွေ တကယ်ပဲ ယုံကြည်ကြသလား။ ဟာသပညာရှင် စတီဖင် လီးကော့ခ် ကတော့ “ကြောှငြာဆိုတာ ကြောှငြာ အေဂျင်စီတွေ ပိုက်ဆံ ရနေသမျှ ကာလပါတ်လုံး လူတွေရဲ့ အသိဉာဏ်ကို စနစ် တကျ ဖမ်းဆီး ချုပ်နှောင်တတ်တဲ့ သိပူပံဆိုင်ရာ အတတ်ပညာ တစ်ခု” လို့ ကြောှငြာအပေါှ ခပ်လှောင်လှောင် ပြောင်ထားတယ်။

တကယ်တော့ ကြောှငြာ အများစုဟာ ကြောှငြာချင်တဲ့ ကုန်ပစူစည်း အကြောင်းကို လူတွေကို အသိပေးရုံ လောက်သာ တတ်နိုင်ကြတာပါ။ ရတတ်သမျှ စကူကန့်ပိုင်းလောက် အချိန်လေး အတွင်း ကိုယ့် ပစူစည်းရဲ့ အားသာချက်ကို စက်သေနတ်နဲ့ ပစ်သလို တရစပ် နင်းခွ ကြောှငြာလေ့ရှိကြတယ်။ တစ်ခါတစ်လေလည်း သီချင်းတွေ ဝုန်းဒိုင်းကြဲဖွင့်ပြီး အခြောက်တိုက် ကခုန်၊ တဟီဟီ တဟားဟား နဲ့ ဟီလာတိုက်ပြနေတဲ့ ကြောှငြာတွေကိုလည်း တွေ့ဖူးကြမှာပေါ့။ ပစူစည်းကြောှငြာတာလား၊ လူကို ကြောှငြာတာလား မခွဲခြားနိုင် လောက်အောင် စိတ်ပျက်စရာ၊ အော့နှလုံးနာစရာ ကြောှငြာတွေလို့ ပြောရင် စိတ်ဆိုးကြမှာ အမှန်ပဲ။ သီချင်း ဆို၍ ငိုရသည် ဆိုတာ အဲသလို ကြောှငြာတွေကို ကြည့်ချင်ချင် မကြည့်ချင်ချင် ထိုင်ကြည့်ရတဲ့ သနားစရာ လူတွေကိုများ ရည်ညွှန်းလေသလား။

အဲသလို ညံ့သော၊ တုံးသော၊ ဖျင်းသော၊ ငြီးငွေ့ဖွယ် ကောင်းသော သီချင်းပဒေသာ ကြောှငြာတွေဟာ ကြောှငြာရှင်တို့ အလိုကျ လိုက်လုပ်ကြရတာများလား။ ကောင်းလှပါပြီ လူကြီးမင်းတို့၊ ကြောှငြာ တစ်ခုကို မစီမံ မဖန်တီးခင် ကိုယ့်ကိုယ်ကို ဒီလို မေးကြည့်ကြဖူးပါသလား။

“ကြောှငြာအသုံးစရိတ် ဟာ ပစူစည်း အရည် အသွေး ပိုကောင်းအောင် လုပ်ဖို့၊ စားသုံးသူ အတွက် ပိုပြီးကောင်းတဲ့ ဝန်ဆောင်မှုကို ပေးဖို့ အသုံးစရိတ်ထက် ဝယ်သူကို ပိုပြီး စိတ်ကျေနပ်မှု ပေးနိုင်ပါသလား”

တကယ်တော့ ဘယ်ပေးနိုင်လိမ့်မတုန်း၊ ဒါပေမဲ့လည်း ခုခေတ် ဈေးကွက် စီးပွားရေးမှာ သိကြတဲ့ အတိုင်း ကြောှငြာမှ ကြောှငြာ ဆိုတဲ့ ကြောှငြာ ခရေဇီ တွေက ဒုနဲ့ဒေးကိုး။ အဲဒီ ပုဂူဂိုလ်တွေကတော့-

“ကြောှငြာ မပါသော လုပ်ငန်း၊ မကြောှငြာသော စီးပွားရေး လုပ်ငန်းသည် လမိုက်ည သန်းခေါင်ယံ အချိန် တွင် လမ်းမီးများ ပျက်နေတုန်း ကုလားမလေး တစ်ယောက်ကို မျက်စိမှိတ်ပြမိသလို အဖြစ်မျိုး ကြုံတွေ့ရ လိမ့်မည် ဖြစ်ကြောင်းကို တွံ- အသင် စီးပွားရေး လုပ်ငန်းရှင်သည် ဂဏာဟိ- မှတ်လေလော့။ သင်ဘာလုပ်မိ မှန်း သင့်ကိုယ်သင် သိချင် သိမည် ဖြစ်သောှလည်း အခြား ဘယ်သူမှ မသိ” လို့ ကြုံးဝါး ကြွေးကြောှကြပြီး ကြောှငြာဖက်က အစွမ်းကုန် ရှေ့နေ လိုက်ကြတော့တာကိုး။ အဲသလို ဆိုတော့လည်း စုံစီ နဖာ ကြောှ အောင် ငြာ ကြပေါ့ ခင်ဗျား။

Possession Game တွေရဲ့ ပြဿနာ

ဘောလုံးပွဲ စိတ်မဝင်စားတဲ့ စာဖတ်ပိရိသတ်တွေကို တော့ အားနာပါတယ်၊ စာရေးသူ တစ်ခါ ရေးဖူးသလိုမျိုး ပါပဲ၊ ဘာအကြောင်းပြောပြော ဘောလုံးပွဲနဲ့ လွတ်ကင်းပြီးမပြောတတ်တော့လောက်အောင် ဘောလုံးအပေါ်မှာ ရူးသွပ်နေမိတော့ကာ စာရေးတော့လည်းကျွန်တော့်ရဲ့ လောကအမြင်တွေက ဘောလုံးပွဲဥပမာတွေနဲ့ပဲ တင်းကျမ်းပြည့်နေပါတော့တယ်၊အခုကျွန်တော်ပေးထားတဲ့ ခေါင်းစဉ်လေးကို ကြည့်လိုက်တာနဲ့ ဘောလုံးဗဟုသုတနဲနဲရှိသူတွေကတော့ ဒါဟာ ဘောလုံးနဲ့ ပက်သက်ပြီး ပြောတော့မယ်ဆိုတာသိနေလောက်ပါပြီ၊ ဒါပေမယ့် ဘောလုံးပွဲနဲ့ နဲနဲ အထိအတွေ့နည်းတဲ့ စာဖတ်ပိရိသတ်အတွက် တော့ နဲနဲ ရှင်းပြဖို့လိုလိမ့်မယ်လို့ထင်ပါတယ်၊

Possession game ဆိုတာ ဘောလုံးပိုင်ဆိုင်မှုကို အသားပေးပြီး ကစားလေ့ ရှိတဲ့ ဘောလုံး နည်းဗျူဟာ တစ်မျိုးပါ၊ ဘောလုံးကို ရတာနဲ့ ကန်တင်ပြေးပြီး ဂိုးသွင်းဖို့ကြိုးစားလေ့ရှိတဲ့ ကစားနည်းတွေနဲ့ အတော်ကွာခြားပါတယ်၊ ဂိုးသွင်းဖို့ အခွင့်အရေးမရမချင်း ဘောလုံးကို ကိုယ့်ခြေထောက်ထဲမှာပဲ ထည့်ထားပြီးနေရာလွတ်တွေ ရှာဖွေကာထိုးဖောက်ကစားလေ့ရှိတဲ့ နည်းဗျူဟာပါ၊ ဒီလိုကစားနည်းမျိုးကို ယနေ့ ကမ္ဘာမှာ ကမ္ဘာ့အကောင်းဆုံး လက်ရွေးစင်အသင်းလို့ သတ်မှတ်ထားတဲ့ စပိန်အသင်း၊ ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းလို့ နားလည်ထားကြတဲ့ ဘာစီလိုနာအသင်း၊အင်္ဂလန် က ထိပ်သီးကလပ်ဖြစ်တဲ့ အာဆင်နယ်အသင်းတို့ က စွဲစွဲမြဲမြဲကစားနေကြပါတယ်၊

ဒီနေရာမှာ ပြောချင်တာက ကစားနည်းဗျူဟာချင်းဆင်တူပေမယ့်အောင်မြင်မှုခြင်း ကွာ ခြား လှတဲ့ အသင်းနှစ်သင်းဖြစ်တဲ့ ဘာစီလိုနာ အသင်းနဲ့ အာဆင်နယ်အသင်းတို့ နဲ့ ပက်သက် လို့တွေးမိတာလေးတွေပါ၊ အားလုံးသိကြတဲ့အတိုင်း ဘာစီလိုနာအသင်းဟာ ဒီ ကစားဟန်နဲ့ပဲ ပြည်တွင်းအမှတ်ပေးချန်ပီယံဆုတွေ၊ ဥရောပချန်ပီယံလိဂ်ဖလားတွေ၊ တစ်ခုပြီးတစ်ခု ဆက်တိုက်ရယူနေခဲ့ပါတယ်၊ အာဆင်နယ်အသင်းကတော့ ဒီကစားဟန်နဲ့ပဲ တ စိုက်မက်မက် ကစားလာခဲ့တာ ၅နှစ်ဆက်တိုက် ဖလားလက်မဲ့ ဖြစ်ခဲ့ပါတယ်၊ ဒီနှစ်လည်း ဖလားလက်မဲ့ဖြစ်ဦးမယ့်အနေအထားမှာ ရှိနေပါတယ်၊ ဘာကြောင့်မို့ ဒီနှစ်သင်းအကြားမှာဒီလောက်အထိ ကွာခြားသွားခဲ့ပါသလဲ၊ ကမ္ဘာ့ချန်ပီယံစပိန်အသင်းနဲ့ ကမ္ဘာ့အကောင်းဆုံးကလပ် ဘာစီလိုနာတို့ကိုကြည့်ပြီး Possession Game တွေဟာ အတော့်ကို ရေပန်းစားလာခဲ့တယ်၊ ဘောလုံးကိုခြေထောက်ထဲမှာ ထိန်းထားနိင်သရွေ့ ပွဲရဲ့ရလာဒ် ဟာ ကိုယ့်လက်ထဲမှာပဲရှိတယ်ဆိုတဲ့ ဒဿနကို လူတွေအတော့ကို စိတ်ဝင်စားလာခဲ့ကြတယ်၊ ဒါပေမယ့် အာဆင်နယ်အသင်းကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုကြည့်ပြီးတော့ ဒီ possession gameတွေအပေါ် ပုံပြီးယုံဖို့ရာလည်းခက်နေခဲ့တယ်၊ အဲဒီတော့ ဒီpossession game တွေမှာ ဘာတွေအားသာချက်ရှိပြီး ဘာတွေအားနည်းချက်ရှိနေလို့လဲ၊

သေချာတာကတော့ ဘောလုံးပိုင်ဆိုင်မှုကို အသားပေးကစားတဲ့အသင်းဟာ ဘောလုံးကို ကိုယ့်ခြေထောက်ထဲမှာပဲ အချိန်တော်တော်များများကိုင်ထားရလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေပါတယ်၊ တဆက်တည်းမှာ တဖက်လူဟာ အချိန်တော်တော်များများ ခြေထောက်ထဲမှာ ဘောလုံးမရှိတဲ့အ တွက်သိမ်ငယ်စိတ်ဝင်ပါတယ်၊ ဂိုးအရ မရှုံးသေးပင်မယ့် စိတ်ဓာတ်ရေးရာအရ တပန်းရှုံးနေပါတယ်၊ စဉ်းစားကြည့်ပါ၊ တဖက်အသင်းကကိုယ့်ကို ဘောလုံးကန်ခွင့်လုံးဝမပေးပဲ ခွေးရူးလုပ်တာခံနေရတာ တော်တော် မခံချင်စရာ မကောင်း ဘူးလား၊ အထူးသဖြင့် ကမ္ဘာတစ်လွှားက ကြည့်နေတဲ့ပိရိသတ်တွေရဲ့ အရှေ့မှာကိုယ့်အသင်းဟာ တဖက်အသင်းနဲ့ယှဉ်လိုက်ရင်အောက်အသင်းလို ဖြစ်နေတာ ကိုက တော်တော် ရှက်ဖို့ကောင်းနေပြီမဟုပ်လား၊ နောက်တစ်ခါ ဘောလုံးကိုကိုင်ထားတဲ့အသင်းဟာ ဂိုးသွင်းခွင့်ကိုသူကပဲ ဖန်တီးမယ်၊ တဖက်လူကို လုံးဝအခွင့်အရေးမပေးဘူးဆိုတဲ့မူကို ကိုင်ဆွဲထားတဲ့အတွက် သီအိုရီအရ နိင်စရာရှိ၊ သူပဲနိင်ဖို့များပြီး ဂိုးမသွင်းနိင်လို့ သရေကျတာမျိုးကလွဲပြီး ရှုံးဖို့အခွင့်အရေးနည်းပါတယ်၊ တကယ်လို့ ဘောလုံးကို တဖက်လူက ဝင်လုပြီးရသွားရင်တောင် ခံစစ်ကစားရာကနေ တန်ပြန်တိုက်စစ်ဆင်ဖို့ အရံသင့် ဖြစ်မနေ တတ်တာ များပါတယ်၊

နောက်ထပ်သူ့ရဲ့ အားသာချက်ကတော့ သူကိုင်ထားတဲ့ဘောလုံးကို တဖက်လူက အမြဲလုဖို့ ကြိုးစားနေရတဲ့ အတွက်ပင်ပန်းမယ်၊ နောက်ပြီး သူ့ရဲ့ ဘောလုံးလာနိင်တဲ့လမ်းကြောင်းတစ်လျောက်တဖက်လူက စိုးရိမ်ပူပန်စွာလိုက်ပြီး ပိတ်ဆို့ ဟန့်တားနေရတဲ့ အတွက်အချိန်ကြာလာတာနဲ့အမျှ မောပန်းနွမ်းနယ် လာရပါတယ်၊အဲဒီမှာ အမှားအယွင်းတွေ များလာပြီး ဟာကွက်လွတ်ကွက်တွေပေါ်လာတတ်ပါတယ်၊ အဲဒီတော့မှ ရလာတဲ့အခွင့်အရေးကို ဂိုးအဖြစ် ဖန်တီးလေ့ရှိကြပါတယ်၊ အဲဒီတော့ ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားတဲ့ဟန်ဟာ ဒီလိုအမြင်အရ အတော့်ကို ပြည့်စုံတဲ့ ကစားနည်းလိုပါပဲ၊ဒါပေမယ့် လောကမှာ ဘယ်အရာမှ ပြောစရာမရှိလောက်အောင် သာလွန် ကောင်းမွန်တယ်ဆိုတာမရှိနိုင်ပါဘူး၊

သူ့သဘာဝအရ ဘောလုံးပိုင်ဆိုင်မှုကို အသားပေးတတ်တဲ့သူတွေ ဆိုတော့ ဘောလုံးကိုခြေထောက်ထဲကနေ ဆုံးရှုံးသွားတာနဲ့၊ ခြေထောက်ထဲမှာဘောလုံး မရှိတော့တာနဲ့ မနေတတ်မထိုင်တတ်ဖြစ်တော့တာပါပဲ၊ စိတ်မှာ မလုံခြုံမှုကို ခံစားရတော့တာပါပဲ၊ တစ်ချိန်လုံး အပေါ်စီးကနေကစားလာခဲ့သမျှ ကိုယ့်ကိုယ်ကို ဆရာကြီးထင်နေတဲ့စိတ်တွေ ဘယ်ထွက်ပြေးသွားကြမှန်းမသိ၊ ကိုယ့်အစွမ်းအစကိုယ် ပုံမှန် ယုံကြည် တာလေးတောင် ပျောက်ဆုံးပြီး ပူပန်မှုတွေဝင်ကြောက်စိတ်တွေနဲ့ ပျာယာခတ်တော့တာပါပဲ၊ အဲဒီမှာ အမှားအယွင်းတွေ စလုပ်မိတတ်ကြပါတယ်၊ အဲဒီမှာ ကံဆိုးလို့ မထင်မှတ်ပဲ ဂိုးပေးလိုက်ရတဲ့အခါမျိုးမှာ ဘဝင်ကြွနေတဲ့ စိတ်က မခံချိမခံသာ ရှက်ရမ်းရမ်းပြီး အမှားအယွင်းတွေ ပိုလုပ်မိတတ်တော့တယ်၊

ဒီရာသီအာဆင်နယ်အသင်းရဲ့ အံ့သြဖွယ်ရာ ရလာဒ်တွေ ထွက်ခဲ့တဲ့ပွဲတွေကို အစအဆုံးထိုင်ကြည့်ရင် ကျွန်တော် ပြောတာကို ပိုသဘောပေါက်ပါလိမ့်မယ်၊ စပါးအသင်းကို စောစောစီးစီး သုံးဂိုးပြတ်ထည့်ပြီးပွဲအပြီးမှာ လေးဂိုးပြန်ပေးလိုက်ရတာတွေ၊ နယူးကာဆယ်အသင်းကို သုံးဂိုးပြတ်ထည့်ပြီး မယုံနိုင်စရာ သရေကျသွားတာတွေ ကိုကြည့်လိုက်ရင် ဘောလုံးကို မကိုင်ထားနိင်တာနဲ့ ယုံကြည်မှု ပျောက်သွားတဲ့ အာဆင်နယ်အသင်းရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာကို သတိပြုမိနိုင်ပါတယ်၊ တခြားအသင်းတွေလို ကိုယ့်ကိုယ်ကို ယုံယုံကြည်ကြည်နဲ့ဘောလုံးမပါပဲ ခံစစ်သက်သက် မကစားတတ်တာကိုသွားတွေ့ရပါတယ်၊ နောက်တစ်ချက်က ပိုင်ဆိုင်မှုအသားပေးတဲ့ အသင်းတွေဟာ ပိုင်ဆိုင်မှု မဆုံးရှုံးအောင် အရမ်းအာရုံစိုက်နေရတဲ့အတွက်ဂိုးရဖို့ အခွင့်အရေးကို ရဖို့ အတော် အချိန်ယူရပါတယ်၊  နိင်နေတဲ့အချိန် ဂိုးရဖို့ အရေးမကြီးတဲ့ အချိန်မှာ ပိုင်ဆိုင်မှုအသားပေးပြီး လှလှပပ အချိန်ဆွဲကစားလို့ကောင်းပေမယ့် ဂိုးရဖို့အသည်းအသန် လိုနေတဲ့အချိန်မှာတော့ အလုပ်မဖြစ်တာ မကြာခဏတွေ့ရပါတယ်၊

ပိုင်ဆိုင်မှုအသားပေးကစားနေတဲ့ ဒီအသင်းနှစ်ခုကို နှိုင်းယှဉ်ပြီး ကောက်ချက်ဆွဲရယင်တော့ ဒီကစားနည်းဟာ မိမိကိုယ်ကိုယုံကြည်မှု၊ အာရုံစူးစိုက်မှု၊ဘောလုံး အထိန်းအသိမ်းကျွမ်းကျင်မှု၊ အသင်းလိုက်ညီညွတ်နားလည်မှု စတဲ့အရာ တွေအားလုံး ပြည့်စုံဖို့လိုနေတာတွေ့ရပါတယ်၊ တစ်ခုခု ချို့ယွင်းတာနဲ့ အလုပ် မဖြစ် တော့ပါဘူး၊

အဲဒီတော့ ဒီ ဘောလုံးကစားနည်း တွေကနေ စပ်ဆက်တွေးလိုက်တဲ့အခါ ကျွန်တော် တို့ဟာဘဝမှာ ကိုယ့်ရဲ့ ပိုင်ဆိုင်မှု တွေကို မဆုံးရှုံးအောင် possession game တွေကို ကစားနေကြတဲ့လူတွေနဲ့ တူနေခဲ့တယ်၊ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေကို တပြားတချပ်မှ မဆုံးရှုံးရအောင် ဖြစ်နိုင်ရင် သူများဆီကပဲ ရသလောက်ယူရအောင် အဆက် မပြတ် ကြိုးစားနေခဲ့ကြတယ်၊ အချိန်ဘယ်လောက်ရမယ်မှန်းမသိတဲ့ ကစားပွဲမှာ ကိုယ့်နည်း နဲ့ကိုအနိင်ယူဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်၊ ဒါပေမယ့် ပိုင်ဆိုင်မှုဟာ အောင်မြင်မှုနဲ့အမြဲ ထပ်တူကျမနေဘူးဆိုတာ သဘောမပေါက်တဲ့အခါမှာ ကိုယ့်ခြေထောက်ထဲ ဘောလုံးရှိနေယုံနဲ့ပဲ သာယာနေတတ်ကြပါတယ်၊ တကယ်တော့ ဆရာ ဝင်းမင်းထွေး ရဲ့ ဂျစ်ပစီမိုးတိမ်သီချင်းထဲကလိုပါပဲ၊ အဖြေဟာ ဝိုင်းသိမ်းတော့မှ သိမယ့်ကိစ္စပါ၊ ပွဲသိမ်းဝီစီမမှုတ်မချင်းတော့ ဘယ်အသင်းမှ အနိုင်မရသေးဘူးဆိုတာ ကျွန်တော်တို့အားလုံး မမေ့ကြဖို့လိုပါတယ်။          ။

သူသူငါငါ

၆ မေ ၂၀၁၁

ပေါက်ပင်ဘာကြောင့်ကိုင်းရတယ် (၄)

အခန်း (၂)

မြွေကိုက်လို့ အော်တဲ့ ဖား

ရှဉ့်လည်း လျှောက်သာ၊ ပျားလည်း စွဲသာ

ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းရဲ့ ကုန်ကျ စရိတ်တွေဟာ စီးပွားရေး စနစ် လွတ်လပ်လေလေ၊ အပြိုင် အဆိုင် အနိုင်ကြဲကြတဲ့ ပုဂူဂလိက ကျန်းမာရေး စောင့်ရှောက်မှု တွေ ထွန်းကားလာလေလေ၊ တစ်ထစ်ပြီး တစ်ထစ် တစ်ရစ်ပြီး တစ်ရစ် မြင့်တက်လာလေ ဆိုတာကို အထက်မှာ ဆွေးနွေးခဲ့ပြီးပါပြီ။အဲသလို မိုးထိ အောင် လှေကားထောင်နေတဲ့ ကျန်းမာရေး ဆိုင်ရာ ကုန်ကျ စရိတ်များကို ဆေးကုမူပဏီကြီးများက တစ်တပ် တစ်အား ပါဝင် ကူညီ ကြပြန်ပါတယ်။ ဈေးကွက် စီးပွားရေး ခေတ်မှာ မည်သူ မဆို ဈေးကွက် အတွင်း လွတ်လပ်စွာ ဝင်ရောက် ရောင်းဝယ် ဖောက်ကား ပြီး ထင်တိုင်းကြဲ နိုင်သည်လို့ ဆိုထားလေတော့ အဲဒီ အထဲမှာ နိုင်ငံခြား ဆေးကုမူပဏီ တွေက ဆေးဝါး များ မပါလို့ ပိတ်ပင် တားဆီးလို့ ဘယ်ရလိမ့်မလဲ။ ဒီတော့ ဆေးကွက် စီးပွားရေး ဘာလဲ၊ ဘယ်လဲ ဆိုတာ စိတ်ဝင်စား စရာ ဖြစ်လာပါတော့တယ်။

ဆေးဝါး ထုတ်လုပ် ရောင်းချ မှုဟာ အရင်း အနှီးကြီးသလို အမြတ် အစွန်းလည်း အင်မတန် ကြီးတဲ့ စီးပွားရေး လုပ်ငန်းကြီး တစ်ခုပါ။ အသိဉာဏ် ပညာဆိုင်ရာ မူပိုင်ခွင့် (Intellectual Property Right) ဆိုတဲ့ မိမိ တီထွင် ထုတ်လုပ်သော ပစူစည်း ကို မိမိ စိတ်ကြိုက် စီမံ ခန့်ခွဲ ပိုင်ခွင့် ရထားတဲ့ အတွက် ဆေးဝါး ထုတ်လုပ်ရေးဟာ အခြား စီးပွားရေး လုပ်ငန်းတွေ ထက်ပိုပြီး အာမခံချက် ရှိတာလည်း အမှန်ပဲ။ သို့သောှ အဲဒီ အခွင့်အရေး တွေကို အပြည့်အဝ ယူပြီး ငါတီထွင်တဲ့ ဆေး၊ ငါ့ဖာသာ ကြိုက်သလောက် ထုတ်လုပ်ပြီး ကြိုက်တဲ့ ဈေးနဲ့ ရောင်းမယ် ဆိုရင်တော့ စဉ်းစားစရာတွေ ဖြစ်လာပါလိမ့်မယ်။

တကယ်တမ်းက ဆေးဝါး ထုတ်လုပ်ရေး ကုမူပဏီကြီးတွေမှာ Equitable Pricing Policy လို့ ခေါှတဲ့ သာတူ ညီမျှ ဈေးနှုန်းပေါှလစီ ဆိုတာရှိပါတယ်။ ဒီဆေးတစ်မျိုးတည်းကိုပဲ ချမ်းသာတဲ့ နိုင်ငံ၊ တတ်နိုင်တဲ့ လူတန်းစား တွေကို ဈေးတစ်မျိုး၊ ဆင်းရဲတဲ့ နိုင်ငံ၊ မတတ်နိုင်တဲ့ လူတန်းစား တွေ အတွက် ဈေးတစ်မျိုး ထားပြီး ရောင်းချပေးခြင်းကို ဆိုလိုတာပါ။ ဒါပေမဲ့ ဒီပေါှလစီကို တကယ်တမ်း လက်တွေ့ကျင့်သုံးတဲ့ ကုမူပဏီ ကတော့ လက်ချိုးရေတွက်လို့ ရပါသတဲ့။

စီးပွားရေး လုပ်ငန်း လုပ်ရာမှာ ကောင်းမွန် မှန်ကန်တဲ့ ကျင့်ဝတ် တရား (Business Ethics) ရှိဖို့ လိုအပ်ပါတယ်။ ကျင့်ဝတ်တရားနဲ့ ညီတဲ့ စီးပွားရေး လုပ်ငန်းများဟာ ပြည်သူ့ အတွက် တာဝန်သိတတ်မှု (Corporate Social Responsibility) ဆိုတဲ့ စကားလုံး ကြီးကြီး ကို သုံးလေ့ရှိတယ်။ ဒီလိုပြောတော့ တို့က စီးပွားရေး လုပ်နေတာ၊ ပရဟိတ လုပ်နေတာ မဟုတ်ဖူး လို့ စောဒက တက်ချင်လည်း တက်ကြပါ လိမ့်မယ်။ စီးပွားရေး နဲ့ စီမံခန့်ခွဲမှု ပညာရှင်အချို့ ကလည်း ဘိဇနက် ဆိုတာ အတူတဟိတ သဘော၊ ကျင့်ဝတ် တရား ဆိုတာ ပရဟိတ သဘော၊ ဒီနှစ်ခု ဟာ ပဋိပကူခ သဘောကို ဆောင်တယ် လို့ မီးလောင်ရာ လေပင့်ကြပါသေး။ တကယ်ပဲ ပရိဟိတ နဲ့ အတူတဟိတ ဟာ ယှဉ်တွဲ လို့ မရတဲ့ အရာတွေလား၊ ပျားလည်းစွဲသာ ရှဉ့်လည်း လျှောက်သာ ဆိုတဲ့ လမ်း မရှိတော့ဘူးလား။

++++++++++++++

၁၉၇ဝ ပြည့်လွန်နှစ်များတုန်းက အာဖရိက နဲ့ လက်တင် အမေရိက အပူပိုင်း ဒေသတွေက မြစ်နား ကမ်းနားမှာ နေတဲ့ ရွာသူ ရွာသား (၁၈) သန်း လောက်ကို ခြိမ်းချောက်နေတဲ့ ရောဂါဆိုး တစ်ခု ရှိခဲ့တယ်။

အဲဒီ ရွာသား တွေဟာ မြစ်ကမ်းစပ် က ညစ်ပါတ်တဲ့ ရေထဲမှာ ပေါက်ဖွားတဲ့ ယင်မည်းရိုင်းကြီးတွေ ရဲ့ ကိုက်ခဲခြင်းကို မကြာခဏ ခံရလေ့ရှိတယ်။ ယင်ကောင်ကိုက်ခံရတာလောက်များ၊ ဝါးဟားဟား လို့ မထင်လေနဲ့။ ဒီယင်ကောင်တွေရဲ့ ခနူဓာကိုယ်ထဲမှာ ကပ်ပါးကောင်တွေ ရှိတယ်။ လူကို ကိုက်လိုက်ရင် အဲဒီ ကပ်ပါးကောင်တွေ ဟာ လူ့ခနူဓာကိုယ်ထဲ ဝင်သွားပြီး အရေပြားအောက်မှာ တဖြည်းဖြည်း ကြီးထွား လာလိုက်တာ တစ်ခါ တစ်လေ (၂) ပေလောက် အထိ ရှည်လာတယ်။ အဲဒီ ကပ်ပါးကောင်တွေ ခွေနေတဲ့အတွက် အရေပြားမှာ တစ်လက်မ ပါတ်လည်လောက် ရှိတဲ့ ဘုလုံးကြီးတွေ ထလာတယ်။ မခံမရပ် နိုင်အောင် ယားတယ်။ တစ်ခါ တစ်လေ မျက်လုံးထဲ ဝင်သွားပြီး မျက်စိကန်းသွားတတ်လို့ ဒီရောဂါကို မြစ်နား ကမ်းနား မျက်ကန်း ရောဂါ လို့ အမည်ပေး ကင်ပွန်းတပ်ထားကြတယ်။

သက်ဆိုင်ရာ ကျန်းမာရေး အာဏာပိုင် တွေဟာ ဒီရောဂါကို အမြစ်ပြတ်အောင် ဘယ်လို လုပ်ရမှန်းကို မသိ ခဲ့ကြဘူး။ ကပ်ပါးကောင်တွေကို နှိမ်နင်းနိုင်တဲ့ ဆေးတွေ ရှိပေမဲ့ အလွန် ဈေးကြီးတယ်။ ဆေးရုံ ရက်ရှည် တက်ပြီး အသည်း အသန် ကုသမှ ပျောက်မယ်။ ဘေးထွက် ဆိုးကျိုး တွေလည်း များတဲ့ အတွက် အနူတရာယ် လည်း မကင်းဘူး။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ယာသမား ကိုင်းသမား တွေအဖို့ ဆေးရုံ ရက်ရှည်တက်ပြီး ဆေးကုသမှုခံယူ ဖို့ ဆိုတာ လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟူမာ့ပြည်က အပ်တစ်စင်း ထိရသလောက်ကို ခက်ခဲ ကြရရှာတယ်။

ကပ်ပါးကောင်တွေကို သယ်ဆောင်တဲ့ ယင်မည်းရိုင်းတွေကို ပိုးသတ်ဆေးတွေနဲ့ နှိမ်နင်း ပြန်တော့လည်း မကြာခင်မှာပဲ ယင်ကောင်တွေဟာ ပိုးသတ်ဆေး ယဉ်ကုန်ပြီး ပိုးသာကုန် မောင်ပုံ စောင်း မတတ် ဖြစ်ရ ပြန်တယ်။

ဒီလိုနဲ့ မြစ်ကမ်းဘေးမှာနေတဲ့ လူတွေဟာ ဒီရောဂါဆိုးရဲ့ နှိပ်စက်မှုကို ကြောက်လို့ ကုန်းတွင်းပိုင်းကို ပြောင်းရွေ့ နေထိုင်ကြ၊ မြေဆီ ဩဇာ မကောင်းတဲ့ ကုန်းတွင်းပိုင်းမှာ စိုက်ရေး ပျိုးရေး ကခက်၊ ဝမ်းရေး ပြသူသနာတွေဖြစ်၊ မြစ်ဘေး ပြန်ပြောင်း၊ ရောဂါ ရဲ့ ဒဏ်ကို ခံရနဲ့ ကျောက်စရစ်တော နွေခေါင်ခေါင်မှာ အတောင်ကျွတ်သော ကြိုးကြာ ရေရှာ၍ မရသကဲ့သို့ ဆိုတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေကြရပါတယ်။

+++++++++++++

၁၉၇၉ ခုနှစ်မှာ အမေရိကန် ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းကြီးဖြစ်တဲ့ မာ့ခ် (Merck) ကုမူပဏီက သုတေသန ပညာရှင် ဒေါက်တာ ဝီလီယမ် ကမ်းဘဲလ် နဲ့ အဖွဲ့ဟာ ကုမူပဏီက ထုတ်လုပ်တဲ့ ရောင်းအားမြင့် တိရိစူတာန် ဆေးဝါး တစ်မျိုး ဖြစ်တဲ့ အိုင်ဗာမက်တင် (Ivermectin) ဟာ ခုနက မြစ်နား ကမ်းနား မျက်ကန်း ရောဂါ ရဲ့ လက်သည် ကပ်ပါးကောင် ကို နှိမ်နင်းနိုင်စွမ်းရှိကြောင်း တွေ့ရှိခဲ့ကြတယ်။ ပြသူသနာ တစ်ခု က အိုင်ဗာ မက်တင် ဆေးဟာ တိရိစူဆာန် ရောဂါ တွေ အတွက်ပဲ ထုတ်လုပ်ထားတာ ဖြစ်တယ်။ လူတွေ အတွက် ထုတ်လုပ်ထားတာ မဟုတ်ဖူး။ ဒေါက်တာ ကမ်းဘဲလ် နဲ့ အဖွဲ့ဟာ အိုင်ဗာမက်တင်ကို လူတွေ အတွက် ထုတ်လုပ်ခွင့် ပြုဖို့ မာ့ခ် ကုမူပဏီ ဥကူကဋူဌ ဒေါက်တာ ပီ ရွိုင်း ဗက်ဂျီလို့စ် ကိုတင်ပြကြတယ်။

မာ့ခ်ရဲ့ ထိပ်တန်း အဆင့် စီမံခန့်ခွဲသူ အရာရှိကြီးများ အားလုံးအနေနဲ့ ဒီကိစူစဟာ ဓါးတောင်ကို ကျောှပြီး မီးပင်လယ်ကို ဖြတ်ရမဲ့ ကိစူစမှန်း သဘောပေါက်ကြပါတယ်။ ထုတ်လုပ်ထားပြီးသား တိရိစူဆာန်ဆေးကို လူမှာ သုံးဖို့ တစ်ခါတည်း တန်းပြောင်းလို့ ရတဲ့ ကိစူစ မဟုတ်ဘူး။ အဆင့်ဆင့်သော ဆေးသုတေသန တွေ လုပ်ကြည့်ရမယ်။ စမ်းသပ်မှု အမျိုးမျိုး ကို ကျောှဖြတ်ရမယ်။ ခွင့်ပြုချက် အထွေထွေကို တောင်းခံရမယ်။ အဲဒါတွေ အားလုံး အတွက် ကုန်ကျစရိတ်ဟာ အနည်းဆုံး ဒေါှလာ သန်း တစ်ရာ ကျောှ။ တစ်ခါ လူမှာသုံးလို့ ဘေးထွက် ဆိုးကျိုး မဖွယ်မရာ တစ်ခုခု ဖြစ်သွားရင် အင်မတန် ရောင်းကောင်းတဲ့ တိရိစူဆာန်ဆေး အရောင်းပါကျသွားဦးမယ်။ အဲဒီ အတွက် တစ်နှစ်ကို ဒေါှလာ သန်း သုံးရာလောက် နစ်နာ စရာ အကြောင်းရှိသေးတယ်။

ဒီဆေးကို သုံးမဲ့ လူတွေ ကြည့်တော့ အမွဲတကာ့ ထွဋ်ခေါင် ဖွတ်မင်းနောင်မှာ ပြာတောင်ကြီး ပေါက်ကရော့ ဆိုလောက် အောင် စီးပွားရေး ချူချာတဲ့ လူတွေ။ ဆေးဖိုးကို ဘယ်လိုနည်းနဲ့မှ တတ်နိုင်စရာ အကြောင်း မမြင်၊ တကယ်လို့ တတ်နိုင်တယ် ဆိုဦးတော့ အင်မတန် ခေါင်လှတဲ့ မြစ်ဘေးမှာ နေတဲ့ ဒီလူတွေမှာ ဆရာဝန် မရှိ၊ ကျန်းမာရေး ဋူဌာနမရှိ၊ ဆေးပေးခန်း မရှိ၊ ဆေးရုံ နတူထိ၊ ဆေးရောက်အောင် ပို့ပေးဖို့ ဆိုတာ ကိုက မြင့်မိုရ်တောင် တက်ရသလောက် ခက်ခဲတဲ့ ကိစူစဖြစ်နေတယ်။ တစ်ခါ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေမို့လို့ အနူတရာယ်မကင်းတဲ့ ဆေးတွေကို လာစမ်းသပ်နေသလား ဆိုတဲ့ ဆိုင်ရာ အာဏာပိုင်များရဲ့ ရွှေစိတ်တောှ ငြိုငြင်မှုကိုလည်း ခံကောင်း ခံရလိမ့်ဦးမယ်။ မာ့ခ်ကုမူပဏီက လူတွေကို တိရိစူဆာန်သဖွယ် စမ်းသပ်နေပါတယ် ဆိုတဲ့ သတင်းထွက်သွားပြန်ရင် အနှစ်နှစ် အလလ ထူထောင်ထားရတဲ့ နာမည် တစ်လုံးဟာ အများ တံထွေးခွက်မှာ မှောက်ခုံ၊ ပက်လက် မျောလိမ့်ဦးမယ်။ မထုတ်လုပ်ပဲ ထားလိုက်ပြန်ရင်လည်း ဒီလောက် လူတွေ သေကြေပျက်စီးနေတဲ့ ရောဂါဆိုးကို ကယ်တင်နိုင်စွမ်း ရှိပါလျှက်နဲ့ မကယ်တင်ပဲ ခွေးစားစား၊ ကျီးထိုးထိုး ပစ်ထားရက်တဲ့ မုဆိုးတစ်ပိုင်း ဝိသမ လောဘသား လူအရိုင်းတွေလို့ အပြောခံရလိမ့်ဦးမယ်။ မတတ်နိုင်တဲ့ လူတွေမို့ ဈေးပေါပေါနဲ့၊ ဒါမှ မဟုတ် အလကား ပေးလိုက်ပြန်ရင် မာ့ခ် ကထုတ်တဲ့ တိရိစူတာန်ဆေး အိုင်ဗာမက်တင် ဟာ အလွန့် အလွန် ဈေးကြီးတဲ့ အတွက် လူတွေသုံးဖို့ အိုင်ဗာ မက်တင်ကို တိရိစူဆာန် ဆရာဝန်တွေကို ပြန်ရောင်းပြီး အိုင်ဗာမက်တင် မှောင်ခို ဈေးကွက်ကြီး ပေါှလာပြန်ရင် ခက်ရချည့်။

+++++++++++

ဒီလိုနဲ့ မာ့ခ်ရဲ့ စီမံခန့်ခွဲသူများဟာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိလောက်အောင် အကျပ်ရိုက်ခဲ့ကြပါတယ်။ မာ့ခ် အနေနဲ့ ကမူဘာတစ်ဝှမ်းမှာ တစ်နှစ်ကို ဒေါှလာ နှစ်ဘီလျှံဘိုးလောက် အထိ ရောင်းအားကောင်းတဲ့ ဂေါှဇီလာ ဆေးကုမူပဏီကြီး ဖြစ်ပေမဲ့ ဆေးဝါး အသစ်တွေ အတွက် သုတေသန ကုန်ကျ စရိတ်နဲ့ ထုတ်လုပ် မှုဆိုင်ရာ ကုန်ကျ စရိတ်တွေကြောင့် အသားတင် အမြတ်ငွေဟာ ကျဆင်းနေတဲ့ အချိန်ကာလ ဖြစ်နေ ပါတယ်။ တစ်ပူပေါှ နှစ်ပူဆင့် ဆိုသလိုပဲ အဲဒီ အချိန်မှာ အမေရိကန် အစိုးရဟာ အများပြည်သူ အကျိုး အတွက် ကုမူပဏီကြီးတွေက မူပိုင်ခွင့် ရထားတဲ့ ဆေးဝါး ဖောှမြူလာတွေကို ဈေးချိုချို၊ မျိုးရင်းနာမည်နဲ့ ထုတ်လုပ်နိုင်စွမ်း ရှိတဲ့ ကုမူပဏီလေးတွေကို ဖြန့်ဖြူးပေးရမယ်ဆိုတဲ့ ဆေးဝါး ထိန်းချုပ်ရေး အက်ဥပဒေ ကို ပြဋူဌာန်းဖို့ စိုင်းပြင်းဆဲကာလမို့ မာ့ခ်လို ဆေးကောင်းကောင်းကို နာမည်ကြီး တံဆိပ်တပ်ပြီး ဈေးကောင်း ကောင်းနဲ့ ရောင်းတဲ့ ကုမူပဏီကြီးတွေမှာ ရှေ့လျှောက် အမြတ်ငွေ နည်းသထက် နည်းသွားစရာ အကြောင်း က ရှိနေပြန်ရော။ အဲသလို အခြေအနေမျိုးမှာ ဘာမှ စီးပွားရေး အရ အကျိုး အမြတ်မရှိပဲ အကျိုးယုတ် ဖို့သာ ရှိတဲ့ မြစ်နား ကမ်းနား မျက်ကန်းရောဂါ ကုသဆေးကို ဒေါှလာသန်း ရာချီရင်းပြီး ထုတ်လုပ်ပေးရဦးမယ် ဆိုတော့———————။

ဒါပေမဲ့ ဥကူကဋူဌ ဗက်ဂျီလို့စ် နဲ့ မာ့ခ် ထိပ်တန်း စီမံ ခန့်ခွဲသူများဟာ အကြိမ်ကြိမ် ဒူးတိုက်ဆွေးနွေးပြီးတဲ့ နောက် မာ့ခ် အနေနဲ့ မြစ်နားကမ်းနား မျက်ကန်းရောဂါ ကုသဆေး အဖြစ် အိုင်ဗာမက်တင် ကို ထုတ်လုပ်နိုင်စွမ်း ရှိပါလျှက်နဲ့ ကိုယ်နဲ့ မဆိုင်သလို ဘေးထွက်ထိုင်နေပြီး လျစ်လျှူရှုနိုင်စွမ်း မရှိပါလို့ ထုတ်ပြန် ကြေငြာခဲ့ကြ ပါတယ်။ ကုန်ကျ စရိတ်များလွန်းပြီး အကျိုးအမြတ် မမျှောှမှန်းနိုင်လောက်အောင် နည်းပါးမှန်း သိရဲ့သားနဲ့ ကို ၁၉ဂဝ ခုနှစ်မှာ အိုင်ဗာမက်တင်ကို လူသားတွေ အသုံးပြုနိုင်တဲ့ ဆေးအဖြစ် ထုတ်လုပ်ဖို့ ဘတ်ဂျက် ချပေး ခဲ့ကြပါတယ်။

(၇) နှစ်တိတိ ပင်ပန်းကြီးစွာ အကြိမ်ကြိမ် သုတေသန ပြုခဲ့ကြပြီး နောက်ဆုံးမှာ လူတွေ အသုံးပြုနိုင်တဲ့ အိုင်ဗာ မက်တင် ကို ထုတ်လုပ်နိုင်ခဲ့ကြတယ်။ မာ့ခ်ရဲ့ အိုင်ဗာမက်တင်ဟာ ဘယ်လောက် အစွမ်းထက် သလဲ ဆိုရင် ဆေးတစ်လုံး ကို တစ်ကြိမ်တည်း သောက်ရုံနဲ့ စွဲကပ်နေတဲ့ မြစ်နား ကမ်းနား မျက်ကန်း ရောဂါ ပိုးကို ထာဝရ ပျောက်ကွယ်သွားစေနိုင်သလို၊ မစွဲကပ်သေးတဲ့ လူတွေ အတွက်လည်း နောင် တစ်သက်လုံး အဲဒီ ရောဂါ မစွဲကပ်အောင် ကာကွယ်နိုင်စွမ်းရှိခဲ့တယ်။

တကယ်တမ်း ထုတ်လုပ်ပြီးတဲ့ အခါမှာလည်း ကနဦးက စိုးရိမ်ခဲ့ကြသလိုပဲ သူတို့ဆေးကို ဝယ်မဲ့သူ တစ်ယောက်မှ ပေါှမလာခဲ့ဘူး။ မာ့ခ် ကုမူပဏီ အရာရှိတွေ အနေနဲ့ ရောင်းရလို၊ ရောင်းရငြား ဆိုပြီး ကမူဘာ့ ကျန်းမာရေး အဖွဲ့၊ အမေရိကန် အစိုးရနဲ့ ရောဂါပျံ့နှံ့ရာ အာဖရိက နဲ့ လက်တင် အမေရိက အစိုးရ ဆီကို ရောဂါ ရနိုင်ချေ ရှိတဲ့ လူပေါင်း ၈၅ သန်းကို ကယ်တင်နိုင်တဲ့ ဆေးဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံဖို့ အင်မတန် ထိုက်တန်တဲ့ ဆေးဖြစ်ကြောင်း အိုင်ဗာ မက်တင် ကြောှငြာတွေ ဝင်ခဲ့ကြပေမဲ့ ဘယ်သူမှ တုပ်တုပ် မလှုပ်ကြ၊ ကန်တော့ပါသေးရဲ့ လို အပြောမခံရတာတောင် ကံကောင်းလှပြီလို့ ဆိုရလောက်အောင် အိုင်ဗာ မက်တင် ကို စိတ်မဝင်စားချင် ယောင်ဆောင် နေခဲ့ကြတယ်။ တကယ်တော့ စိတ်မဝင်စားကြလို့ မဟုတ်ပါဘူး။ ရင်းနှီး မြှုပ်နှံဖို့ မဝံ့ရဲကြလို့ပါ။ မာ့ခ်လို ထိပ်ထိပ်ကြဲ ဆေးဝါးတွေကို ထုတ်လုပ်တဲ့ ကုမူပဏီရဲ့ နှစ်ရှည်လများ သုတေသန ပြုပြီး ထုတ်လုပ်လိုက်တဲ့ ဆေးဟာ အင်မတန် ကောင်းမယ်မှန်း သိကြသားပဲ။ ဆေးကောင်း သလို ဈေးလည်း ကောင်းမယ် ဆိုတာ သိကြတဲ့ အတွက် ကုန်ကျ စရိတ်ကို တစ်ပြားမှ မပေးနိုင်တဲ့ တိုင်းသူ ပြည်သားများအတွက် အစိုးရက ဝင်ပြီး အကုန် အကျ ခံရမှာကို တွန့်နေကြတယ်။ တစ်ကမူဘာလုံးက ကျန်းမာ ရေး ပြသူသနာ မှန်သမျှ ငါနဲ့ ဆိုင်သကွ ဆိုတဲ့ ကမူဘာ့ကျန်းမာရေး အဖွဲ့အတွက်တောင် အိုင်ဗာ မက်တင် ဟာ ဆွတ်ချင်ပေမဲ့ မလှမ်းဝံ့အောင် ဈေးကြီးတဲ့ မဥူဇူသက နတ်ပန်း ဖြစ်နေခဲ့တယ်။

ဒီလိုနဲ့ပဲ သူ့အိတ်ထဲက ထွက်နိုးနိုး၊ ကိုယ့်အိတ်ထဲက ထွက်နိုးနိုးနဲ့ ထောင်ပေါင်း သောင်းပေါင်း များစွာသော အာဖရိကန် နဲ့ လက်တင် အမေရိကန် မြစ်ဝ ကျွန်းပေါှသားများရဲ့ စကူခုအာရုံနဲ့ ဇီဝိန် တွေဟာ မြစ်နား ကမ်းနား မျက်ကန်း ရောဂါ အတွက် ပေးဆပ်နေရတာကို မြင်ကြရတဲ့ အခါ မာ့ခ်ရဲ့ စီမံခန့်ခွဲသူများဟာ ဆုံးဖြတ်ချက် တစ်ခု ကို ပိုင်ပိုင်နိုင်နိုင်ချလိုက်ကြပါတော့တယ်။

အိုင်ဗာမက်တင်ဆေးကို ရောဂါ ရနိုင်ချေ ရှိသူများ အားလုံးနဲ့ ရောဂါ ဖြစ်ပွားနေသူ အားလုံးကို တစ်ပြားမှ မယူပဲ အလကား ပေးဝေမယ် ဆိုတဲ့ ဆုံးဖြတ်ချက်။ ဒီလို ဆုံးဖြတ်ပြီးတာတောင် ပြသူသနာက မပြီးသေးဘူး။ ဆိုခဲ့ပြီးတဲ့ အတိုင်း အဲဒီ ဒေသက လူတွေမှာ ဆေးရုံ၊ ဆေးခန်း မရှိ၊ ဆရာဝန် မရှိ ဆိုတဲ့ အတွက်ကြောင့် ဆေးကို သူတို့ လက်ဝယ်ရောက်အောင် ဘယ်လို ဖြန့်ဖြူးမလဲ။ နောက်ဆုံးတော့ မာ့ခ်ဟာ အိုင်ဗာမက်တင် ကို ပို့မဲ့ပို့ ကူးတို့ ရောက်အောင် ပို့ဖို့ စီမံလိုက်ကြပါတော့တယ်။

မာ့ခ်ဟာ ငွေကြေးစိုက်ထုတ်ပြီး အပြည်ပြည်ဆိုင်ရာ ကောှမတီ တစ်ခု ဖွဲ့တယ်။ ကမူဘာ့ကျန်းမာရေး အဖွဲ့ နဲ့ အပြည်ပြည် ဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ ကတစ်ဆင့် သန်းပေါင်းများစွာသော အိုင်ဗာမက်တင် လိုအပ်သူများ အားလုံးကို ဆေးအလကား ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကို ၁၉၉၆ ခုနှစ်မှာ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ဘာဖြစ်လို့များ ဓါးခုတ်ရာ လက်ဝင်လျှိုချင်ရတာလဲ၊ ‘အ’ ရန်ကော၊ ‘ညံ့’ ရန်ကော ဆိုတဲ့ ဘဝတူ ဆေးကုမူပဏီတွေရဲ့ ကဲ့ရဲ့ သဂြူငိုလ် အတင်းဆိုသံတွေကို ဥကူကဋူဌ ဖြစ်သူ  ဒေါက်တာ ပီ ရွိုင်း ဗက်ဂျီလို့စ် က အခုလို တုန့်ပြန်ခဲ့ပါတယ်။

“ကျွန်တောှတို့ အကြိမ်ကြိမ် စဉ်းစားခဲ့ကြပါတယ်။ သန်းပေါင်းများစွာသော လူသားတွေ ခံစားနေရတဲ့ ရောဂါ ဝေဒနာကို ပျောက်ကင်းအောင် လုပ်နိုင်စွမ်း ရှိတဲ့ အရာကို ပြုလုပ်နိုင်စွမ်း ရှိရဲ့သားနဲ့ မလုပ်မိခဲ့ဘူး ဆိုရင် ကျွန်တောှတို့ ကုမူပဏီ အနေနဲ့ တစ်သက်လုံး နောင်တ ရလို့ ဆုံးမှာ မဟုတ်ပါဘူး ခင်ဗျာ။ လွန်ခဲ့တဲ့ ၁၅ နှစ် လောက်တုန်းက ကျွန်တောှ ဂျပန် ကို ရောက်ခဲ့တယ်။ ဂျပန် စီးပွားရေး လုပ်ငန်းရှင်ကြီးများက ကျွန်တောှ့ ကို ဘာပြော သလဲ ဆိုရင် ဒုတိယ ကမူဘာစစ်အပြီး သူတို့ တိုင်းပြည် ပြာပုံထဲရောက်နေစဉ်တုန်းက ဘူးလေးရာ ဖရုံဆင့် ဆိုသလို တီဘီ ရောဂါရဲ့ နှိပ်စက်မှုကို အကြီးအကျယ် ခံနေခဲ့ကြရတယ်တဲ့။ အဲဒီတုန်းက မာ့ခ် ကုမူပဏီက လှူဒါန်းခဲ့တဲ့ စထရက်တိုမိုင်စင် (Streptomycin) ထိုးဆေးတွေကြောင့် ဂျပန်လူမျိုးတွေ တီဘီ ကို အနိုင်ယူနိုင်ခဲ့တာ သူတို့ အမြဲတမ်း သတိရနေမှာပါတဲ့။ အဲဒီတုန်းကလည်း ကျွန်တောှတို့ အကျိုးအမြတ် ရယ်လို့ တစ်ပြားမှ မရခဲ့ပါဘူး။ ရကောင်းစေရယ်လို့လည်း မမျှောှမှန်းခဲ့ပါဘူး။ ဒါပေမဲ့ ခုဂျပန်မှာ အကြီးဆုံး အမေရိကန် ဆေးဝါး ကုမူပဏီဟာ မာ့ခ် ဖြစ်နေတာကတော့ တိုက်ဆိုင်မှု သက်သက် မဟုတ်ဖူးပေါ့လေ။ ခုလည်း တတိယ ကမူဘာကို ကျွန်တောှတို့ အလှူအတန်း တစ်ခု လုပ်လိုက်ပြန်ပြီ။ အကျိုးလိုလို့ ညောင်ရေ လောင်းခဲ့တာ မဟုတ်ပေမဲ့ နောင်တစ်ချိန်မှာ ကျွန်တောှတို့ ကုမူပဏီ အနေနဲ့ အဲဒီ ဒေသမှာ အကျိုး အမြတ် ရှိလာမယ် ဆိုတာ ကျွန်တောှပြောရဲပါတယ်။ မေတူတာဟာ အသွား အပြန် ရှိတယ်လေ”

++++++++++++++++

ပေါက်ပင်ဘာကြောင့်ကိုင်းရတယ် (၃)

ကိုယ်မွေးတဲ့ မျောက် ကိုယ့်ပြန်ခြောက်

လွတ်လပ်တဲ့ ဈေးကွက်ဆိုတာ တကယ်တော့ အဓိက ဇာတ်ဆောင် နှစ်ဦးထဲနဲ့ ပွဲထွက်လာတဲ့ တစ်ခန်းရပ် ပြဇာတ် တစ်ခုပါပဲ။ ရောင်းလို့၊ ဝယ်လို့၊ လဲလှယ်လို့ရတဲ့ ပစ္စည်းတစ်ခုကို ရောင်းမဲ့သူ (Seller) နဲ့ ဝယ်မဲ့သူ (Buyer) တို့နှစ်ဦး သဘောတူတဲ့ ဈေးနှုန်း တစ်ခုနဲ့ အရောင်း အဝယ် ဖြစ်ရင် ကိစ္စပြီးပြီ။ဒီနေရာမှာ ဈေးကွက်ကို တွန်းအားပေးတဲ့ အဓိက အချက်ဟာ ရောင်းသူဖက်က ရောင်းလိုအား (Supply) နဲ့ ဝယ်သူဖက်က ဝယ်လိုအား၊ တောင်းဆိုအား (Demand) ဆိုတဲ့ နှစ်ချက်တည်းရှိပါတယ်။ ဘယ်လိုဈေးကွက်မျိုးပဲဖြစ်ဖြစ် supply and demand တို့ရဲ့ သဘော သဘာဝကို သိရင် အလုပ်ဖြစ်ပြီလို့ စမစ် နောက်လိုက် များက အသေအကြေယုံကြည်ကြတယ်လေ။

ဒါဖြင့် အဲဒီရောင်းလိုအား၊ ဝယ်လိုအားတွေကို ဘယ်သူထိန်းချုပ်သလဲ။ အစိုးရက ထိန်းချုပ်ရမယ်ဆိုတဲ့ အယူအဆက တော့ တစ်လမ်းသွားဗဟိုဦးစီးစနစ် မာ့ခ်၊ လီနင်၊ မောှစီတုန်း စီးပွားရေးမူဝါဒပေါ့။ ကောင်း၊ မ ကောင်း ကတော့ ရွှေအကြောင်း ဖယောင်းသက်သေထူပြီးပါပြီ။ ကျွန်တော်တို့ဆီမှာလည်း အနှစ်နှစ်ဆယ် လောက် သုံးကြည့်လိုက်တော့ ဈေးကွက်ကို အစိုးရထိန်းချုပ်ခြင်းရဲ့ အရသာတွေကို အီနေ၊ ဆိမ့်နေအောင် ခံစား ဖူးကြပြီလို့ဆိုရမယ်။ လူကြီးမင်း ဘာအလို ရှိပါသလဲ။ အိမ်ထောင်စု တစ်စု ကို တစ်အုပ်ရတဲ့ ကုန်ဝယ် စာအုပ်နဲ့ အတူ သမဝါယမ လူသုံးကုန် ပစူစည်းဆိုင်သို့ကြွ၊ ကြိုက်တဲ့ ပစူစည်းကို ကိုယ့်စိတ်ကြိုက် ဝယ်ပစ်မယ် ဆိုတဲ့ စိတ်ကလေးကို ခနူဓာကိုယ်ထဲက ခဏ ဖြစ်ဖြစ် ရွာပြင်ထုတ်ထား၊ သင့်တောှ သလို ခွဲတမ်း ချပေးတဲ့ ပစူစည်းကို ဝယ်ခွင့်ရမယ်၊ ဒီပစူစည်း လိုချင်ရင် ဟိုဖက်က အရောင်းထိုင်း ပစူစည်းကိုပါ မဝယ်မနေရ တွဲဝယ်မှ ရလိမ့်မယ် ဆိုတာ နှလုံးသွင်းထား၊ တစ်ကိုယ်တည်း အပျိုကြီး မမ က နို့ဆီ တစ်ဗူး ဝယ်ချင်လို့ မဝယ်မနေရ ယောကူငျားဝတ် စွတ်ကျယ် အကူငျီကြီးကို အောင့်သက်သက်နဲ့ ဝယ်လား ဝယ်ရ၊ သကြားတစ်ပိသာ လိုချင်လို့ သူနဲ့ တွဲရောင်းတဲ့ နို့သီးခေါင်းကြီး ကို ဂယောင် ဂယင်နဲ့ ဝယ်လာရပြီး ဘာလုပ်ရမှန်း မသိတဲ့ လူပျိုကြီး တွေ ဗရပွ၊ အဲဒါဟာ အစိုးရက အလုံးစုံ ထိန်းချုပ်တဲ့ ဗဟို ဦးစီး စနစ်ရဲ့ အနှစ်သာရ။

စမစ်ရဲ့ သဘော အရ ဆိုရင် အစိုးရကို စီးပွားရေးမှာ ခပ်ခွာခွာလေးနေစမ်းပါလို့ အမြဲတမ်း ကြုံတိုင်း ထည့်ထည့် ပြောတာ တွေ့ရတယ်။ ဈေးကွက်ဆိုတာကို အဓိပ္ပါယ်ဖွင့်တာတောင်-

A market is simply an adjustment mechanism for supply and demand which permits the exchange of goods and services between consumers and producers without the need for government intervention လို့ အပြတ်ပြောထား၊ ရေးထားတယ်။

ဒီလိုပြောခဲ့ရေးခဲ့ပေမဲ့ ၂ဝဝ၈ နှစ်လည်ပိုင်းကစခဲ့တဲ့ ၂၁ ရာစု စီးပွားပျက်ကပ်ဆိုးကြီးက ဈေးကွက်ကို ပွဲသိမ်းဒူးနဲ့ တိုက်မယ်တကဲကဲလုပ်လာတော့ အမေရိကန်အစိုးရက AIG တို့၊ Citigroup တို့လို ဘဏ်ကြီးတွေကို ဒေဝါလီ ခံသွားမှာစိုးလို့ ငွေထုတ်ချေးကျားကန်ပေးရတာကို အကြောင်းပြုပြီး ဈေးကွက်မှာ အစိုးရရဲ့ ပါဝင်ပါတ်သက်မှု တစ်စုံတစ်ရာ ပါရင်ကောင်းတယ်လို့ ပြောလာကြ ပြန်ပြီ။ ခုတစ်မျိုး တော်ကြာ တစ်မျိုး၊ ဒါသည် ပင်လျှင် ခါးသီးတဲ့ အတွေ့အကြုံပေါ်မူတည် သင်ခန်းစာယူရတဲ့ ပြောင်းလဲခြင်း (Empirical based reform) ပဲမဟုတ်လား။

ကဲ-ထားပါ။ ခုနက စကားပြန်ဆက်ရရင် အဒမ်စမစ်က ရောင်းလိုအား၊ ဝယ်လိုအားတွေကို ဘယ်သူမှ သီးသန့် အထွေ အထူး ထိန်းနေချုပ်နေစရာ မလိုပါဘူး၊ ဈေးကွက်က သူ့သဘောသူဆောင်၊ သူ့ဖာသာ ကြည့်လုပ် သွားပါ လိမ့်မယ်။ ဘေးကသာ အသာလေး ထိုင်ကြည့် နေစမ်းပါ လို့ပြောတယ်၊ ရေးတယ်။ ဒါကိုမှ မကျေနပ်ရင်တော့ ဈေးကွက်ကို ထိန်းချုပ်နေတဲ့ အရာကို မမြင်ရတဲ့ ကိုယ်ပျောက်လက် (Invisible hand) လို့သာ ခေါ်ကြပါတော့တဲ့။

ဘာတုန်း ကိုယ်ပျောက်လက်။ စမစ်ရဲ့ အလိုအရ မမြင်ရတဲ့လက် သို့တည်း မဟုတ် ကိုယ်ပျောက် လက်ဆိုတာ ပစ္စည်းဈေး နှုန်း နဲ့ အရေအတွက်၊ ကုန်ပစူစည်း အမျိုးအစားဆိုတဲ့ အရာတွေ ပါပဲတဲ့။ အဲဒီ အရာတွေကနေ ဝယ်လိုအား၊ ရောင်းလိုအား ကို ထိန်းချုပ် ထားလို့ အချိန်တန်ရင် ဈေးကွက်တစ်ခုဟာ သူ့ဆရာနဲ့ သူ့ဒကာ အလိုလို ပြေလည်စမြဲ ဆိုတာတွေကို ဥပမာ၊ ဥပမေယျ တွေလှိုင်လှိုင်ကြီးပေးပြီး အားပါး တရ ရှင်းပြပါတယ်။

ကိုင်း- အခု ကျန်းမာရေး စောင့်ရှောက်မှု ကို ဈေးကွက်ထဲ သွတ်သွင်းလိုက်ပြီ။ ဘယ်လို ဈေးကွက် မျိုးထဲ ဝင်သလဲ ဆိုတော့ ဘိဇနက် လုပ်ငန်း အားလုံးရဲ့ ထိပ်ခေါင်တင် ဖြစ်တဲ့ ဝန်ဆောင်မှု စီးပွားရေး လုပ်ငန်း (Service Business) အမျိုးအစား ထဲမှာ ပါပါ သတဲ့။

ဝန်ဆောင်မှု စီးပွားရေး လုပ်ငန်း ဆိုတာ လွယ်လွယ် ရှင်းရှင်း ပြောရရင် စားသုံးသူ (Consumer) အလိုကျ ဝယ်သူ အမြဲမှန် (Customer is always right) ရတဲ့ လုပ်ငန်းမျိုးပါ။ ကျန်းမာရေး စောင့်ရှောက်မှု မှာ ဝန်ဆောင်မှု ပေးသူ (Service provider) ဖြစ်တဲ့ ဆရာဝန် နဲ့ ဝန်ဆောင်မှု ကိုရယူသူ (Consumer) ဖြစ်တဲ့ လူနာ၊ နှစ်ဦး နှစ်ဖက် ပြည့်စုံ နေတော့ ဝန်ဆောင်မှု စီးပွားရေး လုပ်ငန်း ဆိုတဲ့ ဈေးကွက် သဘော တရား နဲ့ ဇွတ်တန်းညှိ ပစ်လိုက် ပုံရပါတယ်။

တကယ်တန်း အနုလုံ၊ ပဋိလုံ သုံးသပ် ကြတဲ့ အခါ မတော့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဟာ အခြားအခြားသော ဝန်ဆောင်မှု စီးပွားရေး လုပ်ငန်း များနဲ့ ဖီလာ ကန့်လန့် ဖြစ်နေတာ ကို တွေ့လာ ကြရ တယ်။ အခြားသော ဝန်ဆောင်မှု လုပ်ငန်း များမှာ service provider က customer ကိုအမြဲ အလိုလိုက် အကြိုက်ဆောင် ကြရတယ်။ အောက်ကျို့ ခယပြီး ကိုယ်ရောင်းချင်တဲ့ ပစူစည်း၊ ကိုယ်ပေးချင်တဲ့ ဝန်ဆောင်မှု ကို အစွံ ထုတ်ရတယ်။ တစ်နည်း ပြောရရင် service provider ကအောက်စည်း၊ customer ကအထက်စီး ကနေရာယူ ထားတယ်ပေါ့၊ ဒါကလည်း ရှင်းပါတယ်၊ သူ့အိတ် ထဲက ငွေ ကိုယ့်အိတ် ထဲ ရောက်ဖို့ အတွက် လူ့အောက်ကျို့လို့ လူပိ မသေ ဆောင်ပုဒ် ကိုလက်ကိုင် ထားရ ပေမပေါ့။

ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း ကတော့ ပြောတော့လည်း ဝန်ဆောင်မှုစီးပွားရေး၊ service provider ဖြစ်တဲ့ ဆရာဝန် က အထက်စီး ကနေ တစ်ပြားသား မှမလျှော့ပဲ “ခင်ဗျား ကဆရာဝန် လား၊ ကျုပ် ကဆရာဝန်လား၊ ကျုပ်ပြော တာလုပ်၊ ကျူပ်ကုပေးတာခံ” ဒီလို ဆက်ဆံတာကို consumer ဖြစ်တဲ့ လူနာ ကတစ်ခွန်းမခံ ဟုတ်ကဲ့၊ ဟုတ်ကဲ့ နဲ့ပြန်ပြော ရင်း ကျသမျှ ငွေကို ရိုရိုသေသေ ကမ်းပေးလို့ ဆရာဝန် အခန်းက ခေါင်းလျှို ထွက်လာရ တဲ့ ဝန်ဆောင်မှု မျိုးကိုး ခင်ဗျ။ “များလိုက်တာ ဆရာရယ်၊ လျှော့ပါဦး၊ ဒစ်စကောင့် မပေးဘူးလား၊ ဘာညာ” ဆိုပြီး စောကဒ တက်ရိုး ထုံးစံ မရှိ။ ဒါကြောင့် လည်းဈေးကွက် စီးပွားရေး စံတွေ အရ ကျန်းမာရေး ဝန်ဆောင်မှု ဟာနားမလည် နိုင်စရာ ဝန်ဆောင်မှု မျိုးပေါ့။ customer ကအောက်ကျို့ခယ ပြီး ဝန်ဆောင်ခ ပေးရတယ် ဆိုတာ စီးပွားရေး သဘောမှာ မရှိပါ ဘူး။

ဒါကြောင့် ကျန်းမာရေး ဈေးကွက် ဟာ ဘယ်လိုဟာကြီးလဲ ဆိုတာကို ဘောဂဗေဒ ပညာရှင်များ စိတ်ဝင် စားလာကြတယ်။ သုတေ သန တွေ လျှောက် လုပ်ကြည့် ကြတယ်။ ဘာတွေ တွေ့ရှိ ကြသလဲ ဆိုတော့-

(က) ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း သည် ဝန်ဆောင်မှု စီးပွားရေး လုပ်ငန်း အမျိုး အစားတွင် ခြွင်းချက် ဖြင့် ပါဝင်သည်။

(ခ) ပုံမှန် ဝန်ဆောင်မှု စီးပွားရေး လုပ်ငန်း ၏ ဝိသေသ လက္ခဏာ များနှင့် ဖီလာကန့်လန့် ဆန်ကျင်သည်၊ ထိုသို့ ဖြစ်ရခြင်း၏ အဓိက အကြောင်းရင်း မှာ သတင်း အချက် အလက် တစ်ဖက် စောင်းနင်း နိုင်မှု (Asymmetry of Information) ကြောင့် ဖြစ်သည်။

(ဂ) ဤလုပ်ငန်း ကိုအလွန် အကျွံ မဖြစ်အောင် ကောင်းမွန် မှန်ကန်သော ကျန်းမာရေး စံနစ် (Good Health System) ကို ကျင့်သုံး၍ ထိန်းကျောင်း ပေးနိုင်ရ မည်- ရယ်လို့ ဖြစ်ပါတယ်။

ဒီနေရာ မှာ သတင်းအချက် အလက် တစ်ဖက်စောင်းနင်း နိုင်မှု ဆိုတာက ဒီလိုပါ။ လူတစ်ယောက်ဟာ Laptop ကွန်ပြူတာလေး တစ်လုံး ဝယ်ချင် တယ်ဆိုပါစို့။ ဘယ် ကွန်ပြူတာ အရောင်း ဆိုင်သွားဝယ်ဝယ် ရပါတယ်။ Laptop နဲ့ပါတ်သက်တဲ့ သတင်း အချက် အလက် တွေကို အရောင်း ဝန်ထမ်း တွေကို မေးမလား၊ စာရွက် စာတမ်း တွေ လေ့လာ မလား၊ အွန်လိုင်း တက်ပြီး ကြည့်ဦး မလား။ ဈေးနှုန်း ကိုလွတ်လပ် စွာ နှိုင်းယှဉ် လေ့လာပြီး စိတ်ကြိုက် အဖြစ်ဆုံး၊ အကောင်းဆုံး နဲ့ ကိုယ်ပေးရတဲ့ ငွေနဲ့ အတန်ဆုံး ဆိုတဲ့ ပစူစည်း ကိုမှ ရွေးချယ် ဝယ်ယူမယ် မဟုတ်လား။ ဒါမျိုး ကိုရောင်းသူ နဲ့ ဝယ်သူ ကြား သတင်း အချက် အလက် ညီမျှမှု (Symmetry of Information) ရှိတယ် လို့ဆိုပါတယ်။

အဲ-လူတစ်ယောက် နှလုံး ရောဂါ ရလို့ နှလုံး အထူးကု သမားတောှကြီး နဲ့ ပြချင်တယ် ဆိုပါစို့၊ ကိုယ့်ရောဂါ နဲ့ ပါတ်သက်တဲ့ သတင်း အချက် အလက် တွေကို ဆေးခန်းစာရေး ဆီ မေးလို့ ရမလား၊ စာအုပ် တွေဖတ် တော့ရော နားလည်မှာလား၊ အွန်လိုင်း ပေါ်တက်ပြီး ဈေးသက်သာ၊ အပြောချိုသာ၊ ကုသမှု ကောင်းတဲ့ သမားတော် ကို စိတ်ကြိုက် ရွေးချယ် လို့ရမှာလား။ ကိုယ့် ဖက်က ဘာမှမသိတဲ့ ဝန်ဆောင်မှုကို provider ဖြစ်တဲ့ ဆရာဝန် ပြုသမျှ နုရ ပြီး ဈေးမဆစ် စတမ်း ကျသလောက်ပေး ရတဲ့ အတွက် ရွေးချယ်ခွင့် မရပဲ ဝယ်ရတဲ့ ပစ္စည်း ဖြစ်နေပါတယ်။ အကြောင်း ကတော့ ကိုယ် ဝယ်ယူရမဲ့ ကျန်းမာရေး စောင့်ရှောက်မှု နဲ့ ပါတ်သက်တဲ့ သတင်း အချက် အလက် တွေကို ရောင်းသူ ဆရာဝန် က ဝယ်သူ လူနာ ထက် အဆ ပေါင်းများစွာ ပိုမို သိရှိ နေခြင်းကြောင့်ပါ။ ဒါကို ပဲ asymmetry of information လို့ ဆိုကြတာပါပဲ။

ဆိုတော့ အဒမ် စမစ် ရဲ့ အလိုအရ ဈေးကွက်ရဲ့ ဝယ်လိုအားနဲ့ ရောင်းလိုအားကို ကိုယ်ပျောက်လက်က ကြည့်ထိန်းသွားလိမ့်မယ် ဆိုတဲ့ အယူအဆ ဟာ ဆေးကွက် စီးပွားရေး မှာ ဘယ်နည်းနဲ့မှ မမှန်နိုင်ပါ။ ကိုယ်ပျောက်လက်ကိုသာ ထိန်းခိုင်းထားရင် ဈေးကွက်ထဲ ဝင်နေတဲ့ ကျန်းမာရေး စောင့်ရှောက်မှုဟာ လိုဘ နဲ့ အာလျှ ကို မထိန်းနိုင်ပဲ ကိုယ်ရဖို့အရေး ပြူးပြဲ ရှာဖွေနေကြတဲ့ ဇီးကွက် စီးပွားရေး ဖြစ်ကုန်ပါလိမ့်မယ်။ ဒီလိုနဲ့ပဲ ဈေးကွက်ထဲ ဇွတ်အတင်းဝင်လာတဲ့ ဆေးကွက် စီးပွားရေးရဲ့ ထူးထွေသည့် အံ့ရာသောှဝ် ဝိသေသ  များကြောင့် ပစူစည်းမှန်ရင် လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကားလို့ ရရမယ် ဆိုတဲ့ စမစ်ရဲ့ အယူ အဆဟာ ကိုယ်မွေးတဲ့ မျောက် ကိုယ့်ပြန်ခြောက်တဲ့ အခြေ အနေနဲ့ ရင်ဆိုင်ရပါတော့တယ်။

ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်

သို့သောှ ဘာပဲ ပြောပြော ဈေးကွက် ထဲမှာ အောင်ပန်းပန် လို့ အောင်လံ တံခွန် လွှင့်ထူ ထားတဲ့ ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်း ဟာ အမေ ရိကန် တစ်နိုင်ငံ လုံးကို လွန်ခဲ့ တဲ့ အနှစ် လေးဆယ် လောက်က စလို့ ဝါးမျို ပစ်လိုက် တယ်။ အိုဘာမား ကြီးက ဒါကို မြေလှန် ပြောင်းလဲ ပစ်မယ် ဆိုတဲ့ ကြွေးကြောှသံ နဲ့ သမတ ဖြစ်လာသူပေါ့။ ခုတော့ မြေလည်း မလှန်နိုင်၊ ပြောင်းလဲ မပြောင်းနိုင်ပဲ နှာခေါင်း ကျည်ပွေ့ တွေ့နေရှာပြီ။ ရွှေပြည်ကြီး မှာလည်း ယခင် စာဘူးတောင်း သာသာ ပုဂ္ဂလိက ဆေးခန်း လေးများ ရန်ကုန် ရွှေဘုံ သာလမ်း လောက် မှာပဲ ကျိုးတို့ ကျဲတဲ ရှိခဲ့ ရာက ဈေးကွက် လှိုင်းလုံး ကြီးတွေ စတင် ရိုက်ခတ်တဲ့ ၁၉၉ဝ ပြည့်လွန် နှစ်များ ကစလို့ ပုဂ္ဂလိက ဆေးရုံ ဆေးခန်း များဟာ ကလလ ရည်ကြည် သန္ဓေ တည်လာ လိုက်တာ အချိန် တိုတို အတွင်း အခြေ ခိုင် အသားကျ လာကြတယ်။ ဘယ်စီးပွား ရေးလုပ်ငန်း မှ မယှဉ် နိုင်လောက် အောင် ဖွံ့ဖြိုး လာတယ်။ ခန္ဓာ ရှိသရွေ့ ဝေဒနာ ရှိမှာ မို့ ဖောက်သည် မရှိမှာ ဘယ်တော့ မှ ပူစရာ မလိုတဲ့ လုပ်ငန်း မျိုးကိုး။

ဝန်ဆောင်မှု သဘောလည်းပါ၊ ဈေးကွက် စံနစ် လည်းဖြစ်လို့ ဒီဈေးကွက်ကြီး ငါ့တစ်ယောက်ထဲ ကြိတ်ပစ် မယ် ဆိုပြီး လက်ဝါးကြီး အုပ် (Monopolize) ထားလို့ မရတဲ့ အတွက် အပြိုင် အဆိုင် တွေများ လာတယ်။ ဒီလို ဆိုတော့ ကိုယ့် ဆေးရုံ၊ ဆေးခန်း ကို ဝင်လာမစဲ တသဲသဲ ဖြစ်ဖို့၊ နေအထွက်မှာ ရွှေခွက်နဲ့ ငွေ အပြည့် ခပ်နိုင်ဖို့ ဆွဲဆောင် တဲ့ နည်းလမ်း တွေ၊ မာယာ တစ်သိန်း အပလိန်း အနနူတနဲ့ ကြောှငြာတွေကို  သုံးလာကြရ ပြီပေါ့။ ပြည်တွင်း ဆေးရုံ၊ ဆေးခန်း တွေတင် ကြောှငြာရတာ အားမရလို့ ခုနောက်ပိုင်း ထိုင်း၊ စင်ကာပူ၊ အိနူဒိယ တို့က ဆေးရုံ ဆေးခန်း မျိုးစုံ ရွှေပြည်ကြီးမှာ ခြေချင်းလိမ်အောင် စုံစီ နဖာ လာကြောှငြာ ကြတာ မတွေ့ချင်မှ အဆုံး မဟုတ်လား။ ဆရာဝန်တွေ ရှောင်ကြဉ်အပ်တဲ့ မသူတောှ တရား ခြောက်ပါးမှာ ကြောှငြာဝင်ခြင်း (Advertising) ကို ထိပ်ဆုံး က ထည့်သွင်းပြီး ဟစ်ပိုကရေးတီးကြီး ကိုယ်တိုင် ရှုံ့ချ ထားပေမဲ့ ဈေးကွက် စီးပွားရေး ခေတ်မှာ အဲဒီ ဆရာဝန်ကြီးတွေ ကိုယ်တိုင်ပဲ သူရို့ ဆေးရုံ၊ ဆေးခန်းများ လူဝင်များစေရန် အလို့ဌာ မေတူတာ တရား ရှေ့ထားလို့ ကြောှငြာဝင်ခြင်း အလုပ်ကို ပြုကြရရှာပါတယ်။ ဒေသနာ အာပါတ် လို့ သဘောထားပြီး နောက်မှ အာပါတ် ပြန်ဖြေကြမယ် ထင်ပါရဲ့။

ဒီလို ကြောှငြာ ကြတဲ့ အခါ လူနာ တွေကို ကံစမ်းမဲ နဲ့၊ မော်ဒယ် ရှိုးပွဲ နဲ့ ဆွဲဆောင်လို့ မရဘူး။ လူနာ နှစ်ယောက် ကျုပ်တို့ ဆေးရုံ တက်ရင် နောက်ထပ် တစ်ယောက် အလကား တက်ခွင့် ပေးမယ် တူးပလပ်စ်ဝမ်း ပါလို့ ပရိုမိုးရှင်း လုပ်လို့ မရတာလဲ သေချာ တယ်။ ဒီမှာ တင်ပဲ အရည် အသွေးမြင့် ကုသရေး လုပ်ငန်း (Quality Health Care) ဆိုတဲ့ စကားလုံး ကိုနှုတ်တက် ရွရွ ရွတ်ဆို ကြတော့တယ်။ ကုသမှု အရည် အသွေး မြင့်လေ၊ ဝေဒနာ ပျောက်ကင်း ချမ်းသာ ဖို့အာမခံ ချက်ပေးနိုင် လေ၊ လူနာများများ ရဖို့ သေချာလေ၊ ဆိုတော့ ဒိတ်ဒိတ်ကြဲ အတွေ့အကြုံ ရင့် ဆရာဝန်ကြီးများ၊ နောက်ဆုံးပေါ် ရောဂါ ရှာဖွေရေး စက်ကရိယာ များ၊ ပြည်သူ့ ဆေးရုံများ မှာ ခုထိ အိပ်မက်တောင် မမက်ဝံ့ တဲ့ ဒစ်ဂျစ်တယ် ကုသရေး အသုံး အဆောင်များ၊ လှိုက်လှဲ ပျူဌာ ယဉ်ကျေး ပြီးမြင်ရုံ နဲ့ ရင်တုန် သွားရမဲ့ ဧည့်ကြို မယ်ကလေးများ၊ အပျံစား လူနာ နားနေ ခန်းများ၊ မျက်စိပဿာဒ ရှိဖို့ စုံစီ နဖာ အကွန့် အညွန့် တွေကို အပြိုင် အဆိုင် ထင်တိုင်းကြဲ ကြတော့တယ်။ ဟိုတယ် ဆေးရုံ ဝန်ဆောင်မှု (Hotel Hospital Service) ဆိုတဲ့ စကားလုံး တောင်သုံးလာ ကြတယ်။ ဒါကြောင့် နောင် အမြတ် အစွန်း ကိုမျှော်ကိုးပြီး ထည့်လိုက် ရတဲ့ အရင်း အနှီး ကကြောက် စရာကောင်း လောက်အောင် ကြီးလာတယ်။ ဆေးရုံ ကြော်ငြာ လေးတစ်ခု ဖတ်ကြည့် ကြပါစို့————–။

“အကျွန်ုပ် တို့၏ တာဝတိံသာ ဆေးရုံကြီး သည် နိုင်ငံ တကာ အဆင့်မှီ ဆေးကုသ မှုကို ပေးစွမ်း နိုင်ယုံ မျှမက ဆေးရုံတွင်း ကြွရောက် လာသူ သဗ္မူရိသ အနွယ်ဝင် သူတော်စင် မိတ်သဟာ အပေါင်းအား ချစ်စဖွယ် ကောင်းလှပြီး ချိူသာ ယဉ်ကျေး လွန်းလှ သည့် ဧည့်ကြိုမယ် ကလေးများ၏ အပြုံးပန်း များဖြင့် ပထမ ဆုံးကြိုဆို ပါရစေ။ ရာဂေါ ဝါဒနေ ထွာထွာရေ ကို အကြောင်း မညီညွတ်၍ ဘောင်းဘီကျွတ် မတတ် ခံစား နေရသော မိတ်ဆွေ၏ ဆောင်ရွက် စရာ ကိစ္စရပ် အားလုံး ကို ဆေးရုံ ဝန်ထမ်းများက သေချာ စေ့စပ်စွာ လုပ်ဆောင်ပေးပါမည်။ ရေမြှုပ် ဆိုဖာ တွင်ထိုင်ရင်း ဧည့် ခန်း ဆောင် အတွင်း မှစိမ်းလန်း စိုပြေသော ရောင်စုံ ပန်းမာန် များ နှင့် ရေပန်း များကို ကြည့်ရှု ခံစားရင်း မိတ်ဆွေ စိတ်ချမ်း သာစွာ နေထိုင်ပါလေ။ ခံစားနေရ သောဝေဒနာ အားလုံးကို ပိန်းကြာ ဖက်တွင် ရေမတင် သလို လျှောကျ ပျောက်ကင်း အောင် ကုသ ပေးနိုင် စွမ်းရှိ သည့် ဝါရင့်၊ သမ္ဘာရင့် ဒိတ်ဒိတ်ကြဲ၊ ဖိတ်ဖိတ်တောက်၊ လက်လက်ထ၊ ဆရာဝန် ကြီး နှင့် အားမနာ စတမ်း စိတ်ကြိုက် ဆွေးနွေးပါ။ ဆေးရုံ တွင် တက်ရောက် ကုသရန် လိုအပ် ပါက ကြယ်ငါးပွင့် အဆင့် ဟိုတယ် ဝန်ဆောင်မှု ထက် သာလျှင်သာမည်၊ မညံ့သော ကျွန်ုပ် တို့၏ လူနာခန်း များက မိတ်ဆွေ ကို ဖရဏ ပီတိ ဂွမ်းဆီထိ သလို အကြောပေါင်း တစ်ထောင် ပြေလျှော့စေဖို့ အသင့် စောင့်ကြို နေပါရစေ။ ကေဘယ် တီဗွီ မှ ၂၄ နာရီ ဖျော်ဖြေရေး အစီအစဉ် များကို ကြည့်ရင်း သက်သာစွာ အပန်းဖြေပါ။ ဂေါက်ရိုက်ချင် သေးသည် ဆိုလျှင် အနီးနားမှာ ကိုးကျင်း မီနီဂေါက်ကွင်း ကလေးနှင့်————————”

ပျော်စရာကြီး။ ရောဂါ သာမရှိခဲ့ ရင်ပေါ့လေ။ ဆေးရုံ လာပါတယ် ဆိုမှ ရောဂါ မရှိတဲ့ လူရှိမလား ဗျ၊ ကွာလတီ ဝန်ဆောင် မှု ဆိုတဲ့ သဘောကို ထင်သာအောင် ပြောပြ တာပါ။ ဒီလို ကွာလတီ့ ကွာလတီ ဝန်ဆောင်မှု တွေ အတွက် ရင်းနှီး မြုပ် နှံ လိုက်ရတဲ့ ကုန်ကျ စရိတ် တွေဟာ သူ့ထက်ငါ အပြိုင် အဆိုင် ခေတ်ကြီး မှာ ကျေသွားတယ်ရယ် လို့ မရှိလောက်အောင် ထပ်ထပ် ပြီးတက်တက် လာလို့ စက်လှေကား အရင်း အနှီး (Escalated cost) လို့ အမည် ကင်ပွန်း တောင် တပ်ပေး ထားရသေး။

ဒီကုန်ကျ စရိတ် တွေကို ဒီဝန်ဆောင်မှု ကိုနောက်ဆုံး သုံးစွဲ သူ (End User) လည်းဖြစ်၊ ငါ့ဝမ်း ပူဆာ မနေသာ သူလည်း ဖြစ်တဲ့ လူနာ များက ကျခံ ရမှာ ကတော့ အသေ အချာ ပဲပေါ့။ ဒါကြောင့် လည်း ဒီအတွက် သင်အိတ် ဖောင်း နေဖို့ တော့ လိုသည် လို့ ထည့်ကြော်ငြာ စရာ မလိုလောက်အောင် သဘော ပေါက် နားလည်ပြီးသား။

ဈေးကွက်ဝင် ကျန်းမာရေး စောင့်ရှောက်မှု ဟာ ကြိုက်သလောက် သုံး၊ ကျသလောက် ပေး စနစ်ဆိုတော့ လူနာတွေကို ဆွဲဆောင်ဖို့အတွက် လိုလို မလိုလို လုပ်ထားတဲ့ အပို ဝန်ဆောင်မှု စရိတ် စက တွေ အားလုံး ကို အချိုးကျ ပေါင်းထည့်လိုက် တဲ့အခါ အမှန် တကယ် ကျသင့် ကျထိုက် တဲ့ ဆေးဖိုး ဝါးခ ဆိုတာ ထက် အများကြီး ပိုကျ သွားပါတော့တယ်။ ဧည့်ကြို မယ်ကလေး တွေရဲ့ အပြုံး တစ်စ အတွက်၊ ဧည့်ခန်း ထဲက ရေမြှုပ် ဆိုဖာမှာ ထိုင်ပြီး စတား ရုပ်ရှင် ကိုမျက်စိ ပဿာဒ ခံစား မိတဲ့ အတွက်၊ အခန်း ထဲကနေ ထမင်း ပွဲရှေ့ရောက် မှာစား မိတဲ့ အတွက်၊ ရေချိုး ဇလုံ ကြီး ထဲ ရေမွှေး ဆပ်ပြာ တွေထည့်ပြီး ဇိမ်ခံ ရေချိုးမိတဲ့ အတွက်၊ နာလန် ထစ မှာငြိမ်ငြိမ် မနေနိုင် ပဲ ဒရိုက်ဗာ တုတ်နဲ့ ဟန်လုပ်ပြီး ဂေါက်သီး ကိုအုပ်မိ တဲ့ အတွက်၊ ဟိုဟာ အတွက်၊ ဒီဟာ အတွက်၊ အားလုံး အတွက် ပေးဖို့ တာဝန်ဟာ သုံးစွဲသူ လူနာ မိတ်ဆွေထံ မှာရှိနေ သည်မဟုတ် ပါလား။

(အခန်း ၂ ဆက်ရန်)

အကြမ်းဖက် တိုက်ခိုက်မှု အပေါ်သဘောထား

ကိုရူပ ဦးစိတ္တ ဆွေးနွေးခန်း

အကြမ်းဖက် တိုက်ခိုက်မှု အပေါ်သဘောထား

ဦးစိတ္တ။              ။ ကိုရူပရေ ဒီတစ်ပတ်တော့ ၉၁၁ ကနေ စလိုက်တဲ့  ဆယ်စုနှစ်တစ်ခု နီးပါးရှိပြီ ဖြစ်တဲ့ နိင်ငံတကာ အကြမ်းဖက် မှု တိုက်ဖျက်ရေး စစ်ပွဲတွေကို မှတ်မှတ်ရရ ရှိတဲ့အနေနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပက်သက်ပြီး ဆွေးနွေး ကြရအောင် လားဗျာ၊ကိုရူပ။               ။ ခင်ဗျား ဆိုလိုတာ နိင်ငံရေး ရည်ရွယ်ချက် တစ်ခုကို ပြည့်ဝဖို့ အကြမ်းဖက်တဲ့ နည်းကို သုံးပြီး တောင်းဆို တာကို ပြောတာ မဟုပ်လား၊ ကောင်းတာ ပေါ့ဗျာ၊ ၂၁ရာစုရဲ့ အဖွင့် စာမျက်နှာ ကို ကျွန်တော်တို့ လှန်လှော ကြည့်ကြ တာပေါ့၊

ဦးစိတ္တ။              ။ ဒီနေရာမှာ ဆွေးနွေးပွဲ မစခင် တစ်ခုတော့ ကြို ပြောချင်တယ်ဗျာ၊ ဆွေးနွေးမယ့် အကြောင်းအရာက အကြမ်းဖက် တိုက်ခိုက်မှု ဆိုတော့ လူအများစု လက်မခံတဲ့ အရာ မဟုပ်လား၊ ခင်ဗျားရော ကျွန်တော်ရော အကြမ်းဖက် မှုကို ထောက်ခံ အားပေးမယ့် သူတွေ မဟုပ်ကြ တာလည်း သေချာ ပါတယ်၊ ဒါပေမယ့် ဆွေးနွေး ပွဲရဲ့ သဘောအရ လွတ်လွတ် လပ်လပ် ဆွေးနွေးဖို့တော့လိုမယ်၊

ကိုရူပ။               ။ ခင်ဗျား ဆိုလို တာက Academic Freedom ကို ဆိုလိုတာ မဟုပ်လား၊ ကျုပ် သဘောတူ ပါတယ်၊ Idea တွေ ဆွေးနွေးတဲ့ အခါ တတ်နိုင်သမျှ ကွဲပြား ခြားနားတဲ့ ထောင့် အမျိုးမျိုးက ဆွေးနွေး သုံးသပ် ဖို့တော့ လိုတာ ပေါ့ဗျာ၊ ကျုပ် သဘောပေါက် ပါတယ်၊

ဦးစိတ္တ။              ။ ကဲ ဒါဆိုလည်း စလိုက် ကြရအောင် ၊ခင်ဗျားကတော့ အကြမ်းဖက် တိုက်ခိုက် တာကို ဘယ်လို မြင်မလဲတော့ မသိဘူး၊ ကျွန်တော် ကတော့ အဲဒီ တိုက်ခိုက် မှုတွေရဲ့ နောက်ကွယ်မှာ လုံလောက်တဲ့ အကြောင်းတရားတွေ ရှိတယ်လို့ ထင်တယ်၊ တစ်ချို့လူ့အဖွဲ့အစည်း တွေမှာ ဘာသာရေးအရ ဖြစ်စေ လူမျိုးရေးအရ ဖြစ်စေ လူနည်းစု ဖြစ်နေတဲ့၊ ဒါမှမဟုပ် မီဒီယာတွေ၊ နိုင်ငံရေး စနစ်တွေ မှာ ပါဝင်ခွင့် မရတဲ့၊ ပြင်ပ ကမ္ဘာနဲ့ ပိတ်ဆို့ ခံထား ရတဲ့ သူတွေရဲ့ သူတို့ ပြဿနာ တွေကို ဖော်ပြဖို့ တစ်ခြား နည်းလမ်း မရှိတဲ့ အခါမှာ သုံးတဲ့ နည်းလို့ ကျွန်တော်တော့ ယူဆတယ်။ ဥပမာ လူဖြူ အစိုးရ ကြီးစိုးတဲ့ တောင်အာဖရိက မှာ ANC တွေရဲ့ တိုက်ခိုက်မှု လိုမျိုး ပေါ့ဗျာ၊

ကိုရူပ။               ။ဒီနေရာမှာ ခင်ဗျား ပြောတဲ့ တစ်ခြားနည်း မရှိတော့လို့ အပြစ်မဲ့တဲ့ သူတွေကို ထိခိုက် စေတယ် ဆိုတာ လုံလောက်တဲ့ ဆင်ခြေလို့ ကျွန်တော်တော့် မထင်ဘူး၊ ဂန္ဓီကြီး အပါအဝင် လူအတော် များများဟာ ငြိမ်ချမ်းစွာ ဆန္ဒပြ ပြီး အောင်မြင်မှု ကို အရ ယူသွား ကြတာပဲ မဟုပ်လား၊ မွန်မြတ်တဲ့ ရည်ရွယ်ချက် တစ်ခုဟာ အကြမ်းဖက်မှု ကြောင့် တန်ဖိုး ကျဆင်း သွားနိင်တယ် လို့ ကျွန်တော်တော့ ထင်တယ်။

ဦးစိတ္တ။              ။ ဘယ် ကိစ္စမှာ မဆို ရလာဒ်က နည်းလမ်းကို ပြဌါန်း နေတာ မဟုတ်လား၊ အကြမ်းဖက် နည်းလမ်း ကို ကျင့်သုံးလို့ အောင်မြင် သွားရင်၊ ထိခိုက် သေဆုံးမှုကို လူတွေ လစ်လှူရှု လိုက်ကြ မှာပဲလေ၊ ဒီကိစ္စမျိုးမှာ သမိုင်းက အကောင်းဆုံး တရားသူကြီး ပဲလို့ ကျွန်တော် ထင်တယ်၊ အရှေ့ ပါကစ္စတန် မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှု တွေ၊ ပါလက်စတိုင်း မှာ ဂျူးတွေရဲ့ ဗြိတိသျှ တွေကို အကြမ်းဖက် တိုက်ခိုက် မောင်းထုပ်မှု တွေဟာ ၊ ဘင်ဂလာဒေ့ရှ် တို့ အစ္စရေးတို့ နိုင်ငံ ဖြစ်လာတဲ့ အခါ မေ့ပျောက် သွားကြ တာပဲ မဟုပ်လား။

ကိုရူပ။               ။ မှန်ပါတယ်၊အကြမ်းဖက် နည်းလမ်းကို သုံးပြီး အောင်မြင်မှု ရခဲ့ ဖူးတာ ရှိပါတယ်၊ ဒါပေမယ့် အရေအတွက် အားဖြင့် အင်မတန် နည်းပါတယ်၊ ဒါတောင်မှ အကြမ်းဖက် မှုကို လူသိ ရှင်ကြား စွန့်လွှတ် ပြီးမှသာ အလုပ် ဖြစ်တာပါ၊ ဥပမာ PLO ပေါ့၊ အများစု ကတော့ မပြီးဆုံး နိုင်တဲ့ အကြမ်းဖက် စစ်ပွဲ ထဲမှာပဲ တဝဲ လည်လည် ရှိနေ တာပါပဲ၊ ဥပမာ IRA ကိုပဲကြည့် အနှစ်၇၀ လောက် အကြမ်းဖက် နည်းနဲ့ တောင်းဆို ခဲ့ပေမယ့် ဗြိတိသျှ အစိုးရရဲ့ အလျော့ပေး လိုက်လျော မှုကို မရခဲ့ပါဘူး၊

ဦးစိတ္တ။              ။ ဒါပေမယ့် တဖက်က ကြည့်ရင် အကြမ်းဖက် နည်းလမ်းလောက် နိုင်ငံတကာ အာရုံ စိုက်မှုကို ရနိုင်တဲ့ နည်း မရှိ ဘူးလေ၊ ဗုံးတစ်လုံး ဖောက် လိုက်တာနဲ့ နိင်ငံတကာ မီဒီယာတွေ အပေါ် ချက်ချင်း ရောက်သွားတာ မဟုပ်လား၊

ကိုရူပ။               ။ အာရုံ စိုက်မှု ဆိုတာ ထက် နိုင်ငံတကာ ရဲ့ ပြစ်တင် ရှုံ့ချမှု ကိုသာ ရစေ တာပါ၊ အကြမ်းဖက် အုပ်စု တွေကို ထောက်ခံတဲ့ အစိုးရ တွေရဲ့ နိုင်ငံခြားရေး ပေါ်လစီကို ကျင့်ဝတ်နဲ့ မညီဘူးလို့ နိင်ငံတကာက ရှုတ်ချ ကြတယ် မဟုပ်လား၊

ဦးစိတ္တ။              ။ ဒါကတော့ အရာရာ သူ့ဘက် ကိုယ့်ဘက် တော့ ရှိမှာပဲ၊ သူ့ဘက်က ကြည့်ရင် လွတ်မြောက်ရေး အတွက် တိုက်ပွဲ ဝင်သူ အခြား တဖက်က ကြည့်ရင်တော့် အကြမ်းဖက် သမား ပေါ့၊ သူ့ဘက် ကတော့ စစ်ဘက် ဆိုင်ရာ ပစ်မှတ် တွေကို ဦးတည်တဲ့ တကယ့် စစ်ပွဲ တစ်ခုလို ယူဆ မှာပဲ၊ တကယ့် စစ်ပွဲ တွေမှာ ဒီ့ထက် ပိုများတဲ့ အရပ်သား သေဆုံး မှုတွေ ကိုတော့ အားလုံးက လိုက်လိုက် လျောလျော လက်ခံ ထားကြတယ် မဟုပ်လား၊

ကိုရူပ။               ။ ကျွန်တော် ကတော့ အကြမ်းဖက်မှု ကို စစ်ပွဲလို့ မမြင်ဘူး၊ စစ်ပွဲ ဆိုတာ ကတော့ နှစ်ဘက် လုံးက တိုက်မှသာ စစ်ပွဲလို့ ပြောလို့ ရမယ်၊ စစ်ဘက်ဆိုင်ရာ ပစ်မှတ် တွေကို တိုက်ရုံ သက်သက် နဲ့တော့ ပြောလို့မရဘူး၊ စစ်ဘက် ဆိုင်ရာ ပစ်မှတ် တွေက သူ့ကို သွားမတိုက် ပဲနဲ့တော့ စစ်ပွဲလို့ ပြောလို့ မရဘူး၊ မဟုပ်ရင် စိတ်ရူးပေါက် နေသူ တစ်ယောက်က သူ့ကိုယ်သူ တိုက်ပွဲဝင် စစ်သည် လို့ ကြော်ညာပြီး တရားဝင် လူသတ် နေမှာပေါ့၊ စစ်ပွဲ အတွင်းမှာ ကြုံရတဲ့ အရပ်သား သေဆုံး ထိခိုက်မှု ဆိုတာ လည်း မတော်တဆ ဖြစ်တဲ့ သဘောပါ၊ ဒါကို ရောချပြီး တကယ်လို့ အရပ် ဘက် ပစ်မှတ်ကိုပဲ တမင် ဦးတည် တိုက်ခိုက် လာမယ် ဆိုရင်တော့ လွတ်မြောက်ရေး တိုက်ပွဲဝင်သူ ဆိုတဲ့ ကြွေးကြော် သံကို ထိခိုက်လာ ဖို့ပဲ ရှိမယ်လေ၊

ဦးစိတ္တ။              ။ တကယ်တော့ ပြန် စဉ်းစား ကြည့်ရင် အကြမ်းဖက် နည်းလမ်းဟာ လူတွေ ထင်သလို လူတွေ အမြောက်အမြား သေဆုံး စေဖို့ မဟုပ်ပါ ဘူး ၊အကြမ်းဖက် နည်းလမ်းရဲ့ အဓိက ဦးတည်ချက် က လူတွေရဲ့ အကြောက်တရားကို ကြီးထွား လာစေ ဖို့ပါ၊ အမှန်တကယ် သေပျောက်တဲ့ လူ အရေအတွက်က သိပ် မများ ပါဘူး၊ ဥပမာ ၁၉၉၇ ခုနှစ် တုန်းက IRA က အင်္ဂလန် အရှေ့တောင်ပိုင်းက ဘူတာရုံ တွေမှာ ဗုံးဖောက် မယ်လို့ ခြိမ်းခြောက် ခဲ့ပင်မယ့် အမှန်တကယ်တော့ မဖောက်ခဲ့ ပါဘူး၊ ပြီးခဲ့တဲ့ ဖောက်ခွဲ မှုတွေ ကနေ လူတွေရဲ့ စိတ်ထဲ ကိန်းအောင်း နေတဲ့ စိုးရိမ် ကြောက်လန့် မှုကို အသုံးချ လိုက်တာ ပါပဲ၊ အမှန်တကယ် မှာတော့ အကြမ်းဖက်မှု ကို နည်းနိုင်သမျှ အနည်းဆုံး ဖြစ်အောင် လိုအပ် သလောက်ပဲ လုပ်ကြ တာပါ၊လူ အသေအပျောက် များစေ ချင်တဲ့ ရည်ရွယ်ချက်မျိုး သူတို့ ဆီမှာ မရှိ ပါဘူး၊

ကိုရူပ။               ။ ကျွန်တော် ကတော့ ခင်ဗျား ပြောတဲ့ အနိမ်ဆုံး အနည်းဆုံး အကြမ်းဖက်မှု ဆိုတာတောင် လက်မခံနိုင် ပါဘူး၊ ခြောက်လှန့်ရုံ သက်သက် ဟာ ခဏပဲ ထိရောက် မှာပါ၊ ကြာလာတဲ့ အခါ လူတွေ ယဉ်ပါး သွားပြီး နောက်ထပ် အကြမ်းဖက်မှု တွေကို လိုကို လိုနေ ဦးမှာပါပဲ၊

ဦးစိတ္တ။              ။ ကိုရူပ တို့ကတော့ ဘူးဆို ဖရုံ မသီးဘူး ဆိုတဲ့ အထဲက ပါပဲလား၊ မှန်ပါတယ် အကြမ်းဖက်မှု နည်းလမ်းဟာ သိပ်ကောင်းတဲ့ နည်းလမ်း မဟုပ်ဘူး ဆိုတာတော့ ကျွန်တော်လည်း လက်ခံပါတယ်၊ ဖြစ်နိုင် ယင်တော့ ပြဿနာ တွေကို ငြိမ်းချမ်းတဲ့ နည်းလမ်း နဲ့ ဖြေရှင်း ကြရင်တော့ အကောင်းဆုံး ပေါ့၊ အဲဒီ အတွက်တော့ သက်ဆိုင်တဲ့ သူတွေ အကုန်လုံးမှာ တာဝန် ရှိတယ်လို့ ကျွန်တော်တော့ ထင်တယ်၊

ကိုရူပ။               ။ မှန်ပါတယ်၊ အကြမ်းဖက် မှုတွေဟာ ပြဿနာရဲ့ အခြေခံကို ပြေလည်အောင် ဖြေရှင်းဖို့ မကြိုးစားတဲ့ အတွက် ထွက်ပေါ် လာတဲ့ ရလာဒ်ပဲလို့ ကျွန်တော်လည်း နားလည် ထားပါတယ်၊ အဲသည် အတွက် အကြမ်းဖက်အုပ်စု တစ်ခုတည်း တင်မကပါဘူး ပြဿနာမှာ ပါဝင် နေတဲ့ သူတွေ အကုန်လုံးမှာ တာဝန် ရှိပါတယ်။

ဦးစိတ္တ။              ။ ဟုပ်ပါပြီ၊ ကိုရူပရေ၊ ဒီတစ်ပတ်တော့ ကျွန်တော် တို့ အနိဋ္ဌာရုံတွေပဲ ပြောနေ ရတာ မကောင်း ပါဘူးဗျာ၊ နောက်တစ်ပတ် ကျမှ ဆက်ကြရအောင်လား။                   ။

နီမို

Pros and Cons; A debater’s handbook by Trevor Sather

Previous Older Entries

Calender

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930